Samsung Germany Website မှာ Galaxy Tab S7+ 5G ရဲ့ Support Page ကို လွှင့်တင်ထားပြီး အဲဒီဖုန်းကို Geekbench မှာ ပြီးခဲ့တဲ့ လက တွေ့ခဲ့ရပါတယ်။ Support Page မှာ တက်ဘလက်ရဲ့ သတင်းအချက်အလက်တွေကို မဖော်ပြထားပေမယ့် အဲဒီ တက်ဘလက် တကယ်ထွက်လာမယ်ဆိုတာ သေချာသွားပါပြီ။ အခုတော့ Support Page ကို ဖြုတ်ချလိုက်ပြီ ဖြစ်ပါတယ်။

Galaxy Tab S7+ 5G မှာ Snapdragon 865 Chipset မောင်းနှင်ထားမယ်လို့ Geekbench မှာ ဖော်ပြထားတဲ့အတွက် 5G ဆက်သွယ်မှု ပါလာနိုင်ပါတယ်။ အရွယ်ကြီး 9800-10000mAh ဘက်ထရီ ထည့်သွင်းထားနိုင်ပြီး မျက်နှာပြင် အရွယ်အစားဟာ ၁၂.၄ လက်မလောက် ရှိမှာပါ။ Galaxy Tab S7 မှာတော့ ၁၁ လက်မ မျက်နှာပြင်နဲ့ 7760mAh ဘက်ထရီတွေ ပါလာနိုင်ပါတယ်။ တက်ဘလက် ၂ လုံးစလုံးမှာ 120Hz Refresh Rate ထောက်ပံ့ထားမှာပါ။

Samsung က အဲဒီ အလန်းစား တက်ဘလက်တွေကို ကြေညာဖို့ ပြင်ဆင်နေပါတယ်။ ဩဂုတ်လမှာ အွန်လိုင်းကနေ ကြေညာတော့မှာ ဖြစ်ပြီး အဲဒီပွဲမှာ Galaxy Note20 Series , Galaxy Z Flip 5G နဲ့ Galaxy Fold 2 တို့ကိုပါ ချပြနိုင်ပါတယ်။

Ref : gsmarena