Samsung က ပဲစေ့ပုံ Galaxy Buds Live နားကြပ်ကို Galaxy Note20 ဖုန်းတွေနဲ့အတူ ဩဂုတ်လက ကြေညာခဲ့ပါတယ်။ အခုတော့ ကုမ္ပဏီက Galaxy Buds+ နဲ့ Galaxy Buds Live တို့ရဲ့ လုပ်ဆောင်ချက်တွေကို Infographic နဲ့ ရှင်းပြလိုက်ပါတယ်။

Samsung Galaxy Buds+ vs Samsung Galaxy Buds LiveSamsung Galaxy Buds+ vs Samsung Galaxy Buds Live

Galaxy Buds ဟာ အရမ်းကောင်းတဲ့ နားကြပ် ၁ ခု ဖြစ်ပြီး Galaxy Buds+ မှာ အသံအရည်အသွေး ပိုကောင်းလာပါတယ်။ Samsung က အသံအရည်အသွေးက ထိပ်တန်း အဆင့် ရှိတယ်လို့ ပြောပါတယ်။ Galaxy Buds Live ရဲ့ အသံအရည်အသွေးကလည်း ခေသူ မဟုတ်ပါဘူး။ ဒီဇိုင်းကလည်း ဆန်းသစ်ပြီး Galaxy Buds+ မှာ မပါတဲ့ ANC လည်း ထည့်သွင်းထားပါတယ်။

Samsung Galaxy Buds+ vs Samsung Galaxy Buds LiveSamsung Galaxy Buds+ vs Samsung Galaxy Buds Live

Galaxy Buds+ နဲ့ Galaxy Buds Live မှာ မတူညီတဲ့ Charging Case နဲ့ အရောင်တွေ ပါလာပြီး ဒီဇိုင်း မတူတဲ့အတွက် ဘက်ထရီ ပမာဏကလည်း ကွဲပြားကြပါတယ်။ ဒါပေမယ့် Samsung က ဘက်ထရီ သက်တမ်းဟာ တူညီပြီး ၂၁ နာရီလောက် အသုံးခံတယ်လို့ ပြောပါတယ်။

Samsung Galaxy Buds+ vs Samsung Galaxy Buds LiveSamsung Galaxy Buds+ vs Samsung Galaxy Buds Live

Galaxy Buds Live ရဲ့ 12mm Driver နဲ့ Galaxy Buds+ ရဲ့ Woofer နဲ့ Tweeter တွေက စွမ်းရည်မြင့်မားပြီး နားကြပ် ၂ ခု စလုံးရဲ့အတွင်း၊ အပြင်ဘက်မှာ မိုက်ကရိုဖုန်း ၂ လုံးစီ ထည့်သွင်းထားပါတယ်။ Samsung ဟာ ဈေးနှုန်းအကြောင်းကို Infographic မှာ မပြောသွားပါဘူး။ အဲဒီ နားကြပ် ၂ ခုစလုံးကို ကုမ္ပဏီရဲ့ ဝက်ဘ်ဆိုက်မှာ ဝယ်ယူနိုင်ပြီ ဖြစ်ပြီး Galaxy Buds Live ကို ၁၆၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။ မြန်မာငွေနဲ့ တွက်ရင် ၂ သိန်း ၂ သောင်းလောက်ရှိပြီး  Galaxy Buds+ ကတော့ ၂၀ ရာခိုင်နှုန်းလောက် ဈေးသက်သာပါတယ်။

Ref : gsmarena