Samsung ဟာ လာမယ့်ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ Galaxy S23 Series ဖုန်းတွေကို တရားဝင်မိတ်ဆက်သွားမှာဖြစ်ပါတယ်။ အဆိုပါ Galaxy 23 Series ဖုန်းတွေထဲက Galaxy S23 Ultra ဟာ Samsung အတွက် ပထမဆုံးအနေနဲ့ 200MP Camera Sensor ကို စတင်အသုံးပြုလာမယ့်ဖုန်းလည်းဖြစ်ပါတယ်။
အခုလည်း Galaxy S23 Series ကို တရားဝင် မိတ်မဆက်ခင်မှာ Galaxy S23 Ultra မှာအသုံးပြုလာမယ့် 200MP Camera Sensor ကို Samsung က တရားဝင်မိတ်ဆက်လိုက်ပါတယ်။ အဆိုပါ 200MP Sensor ကို ISOCELL HP2 လို့ နာမည်ပေးထားပါတယ်။
ISOCELL HP2 Sensor ဟာ 200 Megapixels Size အပြင် Sensor Size အနေနဲ့ 1/1.3” ၊ Pixel Size က 0.6μm ရှိမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် Dynamic Range နဲ့ Color Reproduction ပိုင်းကို အဆင့်မြှင့်တင်ပေးနိုင်တဲ့ နည်းပညာအသစ်တွေအများအပြားကိုလည်း ထည့်သွင်းထားပါတယ်။
ISOCELL HP2 Sensor ဟာ Samsung ရဲ့ ကိုယ်ပိုင် Tera2pixel Pixel-binning နည်းပညာကို အသုံးပြုထားမှာဖြစ်ပါတယ်။ ဒါကြောင့် အလင်းရောင်နည်းပါးတဲ့အခြေအနေတွေမှာ 4-to-1 Pixel-binning ကို အသုံးပြုထားတဲ့ 1.2μm 50MP ဓါတ်ပုံတွေအပြင် 16-to-1 Pixel-binning ကိုအသုံးပြုထားတဲ့ 2.4μm 12.5MP ဓါတ်ပုံ ၂ မျိုးကို ထုတ်ပေးနိုင်မှာဖြစ်ပါတယ်။ Video ပိုင်းမှာလည်း 4-to-1 Binning နဲ့ 1.2μm Pixel Size ရှိတဲ့ 8K Video ကို အပြည့်အဝရိုက်ကူးနိုင်မှာပါ။
ဆက်တိုက်ရိုက်ကူးတဲ့အချိန်မှာလည်း HP2 Sensor ဟာ 200MP Resolution Mode မှာ 15fps အထိရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ ဒါဟာ HP3 Sensor ထက် ၂ ဆမြန်ဆန်သလို 100MP HM3 Sensor ထက်လည်း ၅၀ ရာခိုင်နှုန်းပိုမိုမြန်ဆန်မှာဖြစ်ပါတယ်။
ကျန်တဲ့ Feature တွေအနေနဲ့ Highlight တွေကို အကောင်းဆုံးထိန်းသိမ်းနိုင်ဖို့အတွက် Dual Vertial Transfer Gate (D-VTG) နည်းပညာ၊ အလင်းရောင်နည်းပါးတဲ့အခြေအနေတွေမှာ တိကျမြန်ဆန်တဲ့ Autofocus Speed အတွက် Super QPD နည်းပညာတွေအပြင် Super HDR စွမ်းဆောင်ရည်ရရှိနိုင်ဖို့အတွက် 50MP Mode မှာ DSG (Dual Slope Gain) နည်းပညာကို ပထမဆုံးအသုံးပြုထားတဲ့ Sensor လည်းဖြစ်ပါတယ်။
ဘာပဲဖြစ်ဖြစ် အခု Samsung ISOCELL HP2 Sensor ရဲ့ စွမ်းဆောင်ရည်က ဘယ်လောက်ထိကောင်းမလဲဆိုတာကို Galaxy S23 Ultra ဖုန်းမှာ မကြာခင်မြင်တွေ့ရမှာဖြစ်ပါတယ်။ Samsung ကတော့ ယခု HP2 Sensor ကို တခြားဘယ်ဖုန်းတွေမှာ အသုံးပြုသွားမလဲဆိုတာကို အတိအကျပြောကြားထားခြင်းမရှိသေးပါဘူး။
Ref – GSM Arena