Samsung က ဒီနှစ်မှာ စမတ်နာရီသစ် နှစ်မျိုးကို မိတ်ဆက်ဦးမှာပါ။ Galaxy Watch 3 နဲ့ Galaxy Watch Active 2 တွေကို ဆက်ခံမဲ့ မျိုးဆက်သစ်တွေအဖြစ်ထွက်ရှိလာမှာကတော့ Galaxy Watch 4 နဲ့ Galaxy Watch Active 4 တို့ပဲ ဖြစ်ပါလိမ့်မယ်။

Galaxy Watch 4 နဲ့ Galaxy Watch Active 4 တို့ဟာ Google ရဲ့ Wear OS နဲ့ထွက်လာမဲ့ Samsung ရဲ့ ပထမဆုံး စမတ်နာရီတွေ ဖြစ်လာပါလိမ့်မယ်။ အခုအချိန်မှာတော့ ဒီစမတ်နာရီတွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေလည်း ပျံ့နှံ့နေပြီဖြစ်သလို ပကတိရုပ်ပုံနဲ့အခြေခံအချက်အလက်တွေတူညီတဲ့ Renders ရုပ်ပုံတွေလည်း ပျံ့နှံ့နေပြီ ဖြစ်ပါတယ်။

Renders တွေအရ ဒီဇိုင်းအချို့ ပြောင်းလဲသွားတာကို တွေ့မြင်ရပါတယ်။ နာရီနဲ့ ရာဘာလက်ပတ်ကြိုးဆက်သွယ်မှုက ပိုပြီးပါးလွှာသွားတာ၊ ရှင်းလင်းသွားတာအပြင် ရုပ်ပိုင်းဆိုင်ရာခလုတ်အချို့ ပြောင်းလဲသွားတဲ့ပုံစံတော့ တွေ့မြင်ရပါတယ်။ Renders တွေအရထပ်ပြီးသိနိုင်တာကတော့ Galaxy Watch 4 နဲ့ Galaxy Watch Active 4 တို့မှာ Physical rotating bezel တွေ မရှိဘူးဆိုတာပါပဲ။

နောက်ဆုံးထွက်ပေါ်လာတဲ့ Render မှာတော့ Black, Silver, Gold နဲ့ Green ဆိုပြီး အရောင်လေးမျိုးကိုတွေ့မြင်ရပါတယ်။ အခြားအရောင်တွေဖြစ်တဲ့ White, pink တို့လိုအရောင်မျိုးလည်း ထပ်ပြီးမြင်တွေ့ရဦးမယ်လို့ မျှော်လင့်ရပါတယ်။

Ref: SamMobile