Samsung ကနေ မကြာခင်မှာ Android Flagship Tablet တွေဖြစ်လာမယ့် Galaxy Tab S7 နဲ့ Tab S7+ တို့ကို မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အဆိုပါ Flagship Tablet တွေအပြင် Samsung ကနေ ထူးခြားတဲ့ Processor နဲ့ Tablet အသစ်တစ်မျိုးကိုပါ မိတ်ဆက်လာဦးမယ့်ပုံစံပါပဲ။

အဆိုပါ Tablet ရဲ့ နာမည်ကိုတော့ မသိရှိရသေးဘဲ Model Number အနေနဲ့ကတော့ SM-T575 လို့ပေးထားတယ်လို့ သိရပါတယ်။ SM-T575 Tablet ရဲ့ ထူးခြားချက်ကတော့ Processor အတွက် လက်ရှိ Mid Range Chipset တွေကို အသုံးပြုထားတာမဟုတ်ဘဲ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်တုန်းက Galaxy S9 Series ဖုန်းတွေမှာပါဝင်ခဲ့တဲ့ Exynos 9810 Chipset ကို အသုံးပြုလာမှာပဲဖြစ်ပါတယ်။

ဒီလိုမျိုး 10nm Architecture ကိုအခြေခံထားတဲ့ Exynos 9810 Chipset ကိုအသုံးပြုလိုက်တာက Samsung ရဲ့ လက်ရှိ Mid Range Tablet တွေထက် ပိုကောင်းတဲ့ စွမ်းဆောင်ရည်ကိုပေးစွမ်းနိုင်မှာပါ။ လက်ရှိ Samsung ရဲ့ အမြင့်ပိုင်း Mid Range Tablet တစ်လုံးဖြစ်တဲ့ Galaxy Tab S6 Lite မှာတောင် ပိုပြီး စွမ်းဆောင်ရည့်နိမ့်တဲ့ Exynox 9611 Chipset ကိုပဲ အသုံးပြုထားတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း နောက်ထပ်သိရတဲ့သတင်းတစ်ခုအရ အဆိုပါ SM-T575 Tablet ဟာ 5000mAh Battery ပဲပါဝင်မှာဖြစ်တဲ့အတွက် လက်ရှိထွက်ရှိထားတဲ့ Galaxy Tab A 8.4 (2020) နဲ့ Battery Capacity အတူတူပဲဖြစ်နေပါတယ်။ အဲ့ဒီအတွက် Screen Size အနေနဲ့ကတော့ 8″ ဝန်းကျင်ပဲရှိလာဖို့များနေပါတယ်။

ဘာပဲဖြစ်ဖြစ် လွန်ခဲ့တဲ့ ၂ နှစ်တုန်းက Flagship Processor ကိုသုံးထားပေမယ့်လည်း စျေးနှုန်းသက်သာမယ်ဆိုရင် SM-T575 Tablet က Mid Range Android Tablet တွေထဲမှာ ရွေးချယ်စရာဖြစ်လာမှာပါ။

Ref – Phone Arena