Samsung ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်တုန်းက Galaxy S20 FE စမတ်ဖုန်းကို မိတ်ဆက်ခဲ့ပြီး Samsung Flagship S Series ဖုန်းတွေထဲမှာ အောင်မြင်မှုအရရှိဆုံးဖုန်းတစ်လုံးဖြစ်ခဲ့ပါတယ်။ အခုနှစ်မှာလည်း Samsung ကနေ Galaxy S20 FE ရဲ့ မျိုးဆက်သစ်ဖြစ်တဲ့ Galaxy S21 FE ကို မိတ်ဆက်သွားဖို့ စီစဥ်နေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း လက်ရှိတကမ္ဘာလုံးမှာဖြစ်ပွားနေတဲ့ Chip Shortage ပြဿနာကြောင့် Galaxy S21 FE ရဲ့ ထုတ်လုပ်မှုဟာ နှောင့်နှေးခဲ့ပါတယ်။ လက်ရှိနောက်ဆုံး သိထားတဲ့သတင်းတွေအရတော့ Samsung ဟာ ယခုနှစ်ကုန်ပိုင်းမှာ Galaxy S21 FE ဖုန်းကို မိတ်ဆက်သွားဖို့ စီစဥ်ထားတာဖြစ်ပါတယ်။

အခုလည်း Samsung ရဲ့ တရားဝင် Instagram စာမျက်နှာမှာ Galaxy S21FE ရဲ့ ဓါတ်ပုံကို မှားယွင်းပြီး ဖော်ပြခဲ့ပါသေးတယ်။ အခုအချိန်မှာတော့ ပြန်လည်ဖျက်သွားပြီဆိုပေမယ့် Galaxy S21 FE ရဲ့ နောက်ကျောဘက် Design ကိုတော့ တရားဝင်မြင်တွေ့ခဲ့ရပြီဖြစ်ပါတယ်။

Samsung Galaxy S21 FE ဖုန်းဟာ လက်ရှိမှာ ရေပန်းစားနေတဲ့ Purple Color နဲ့ပါ ထွက်ရှိလာမှာဖြစ်ပြီး Camera Design ပိုင်းမှာတော့ Galaxy S21 ဖုန်းနဲ့ဆင်တူနေတာကို တွေ့ရပါတယ်။ Camera Setup အနေနဲ့ Triple Camera Setup ကို အသုံးပြုထားတာဖြစ်ပြီး Primary Sensor အနေနဲ့ 64MP Sensor ကို အသုံးပြုလာဖွယ်ရှိနေပါတယ်။

တခြားသော အချက်အလက်တွေအနေနဲ့ကတော့ Galaxy S21 FE ဟာ Exynos 2100 သို့မဟုတ် Qualcomm Snapdragon 888 Chipset ကိုပဲ အသုံးပြုလာမှာဖြစ်ပြီး 120Hz Refresh Rate ကို Support ပေးနိုင်တဲ့ 6.4″ Display ထည့်သွင်းထားမှာဖြစ်ပါတယ်။ တခြားအချက်အလက်တွေကတော့ အသေးစိတ်မသိရှိရသေးပါဘူး။

ဘာပဲဖြစ်ဖြစ် Samsung ကနေ အခုလိုမျိုး Promotion ပြုလုပ်ဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်တာကြောင့် မကြာခင်မှာ Galaxy S21 FE ဖုန်းကို တရားဝင်မိတ်ဆက်နိုင်ခြေများနေပြီဖြစ်ပါတယ်။

Ref – 9to5Google