● Samsung စမတ်ဖုန်းများကို ဝယ်ယူအားပေးသူများအနေနှင့် ငွေကျပ် ၅ သိန်းအထိ၊ အိမ်သုံးလျှပ်စစ်ထုတ်ကုန်များကို ဝယ်ယူအားပေးသူများအနေနှင့် ငွေကျပ် ၁၂ သိန်းအထိ Cashback အကျိုးခံစားခွင့်အသီးသီးကို လက်ငင်းရရှိ ခံစားသွားနိုင်မည်။

● Samsung ထုတ်ကုန်များကို ဝယ်ယူတိုင်း ဝယ်ယူသူတို့ရွေးချယ်သော လိုအပ်နေသည့်နေရာများသို့ သတ်မှတ်လှူဒါန်းငွေပမာဏကတစ်ခုကို Samsung က လှူဒါန်းပေးသွားမည်ဖြစ်သည်။

● ဝယ်ယူအားပေးသူများအနေနှင့် Samsung ကပေးအပ်သော လှုဒါန်းပြီးစီးကြောင်း ကျေးဇူးတင်လွှာကို လူမှုကွန်ယက်တွင် မျှဝေလိုက်ပါက Samsung က ပေးအပ်သွားမည့် ထပ်ဆောင်းဆုလက်ဆောင်များကိုလည်း ကံစမ်းနိုင်မည်။

နှစ်စဉ်ကျင်းပလေ့ရှိသော Samsung Love & Care လူမှုအကျိုးပြုအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဝယ်ယူအားပေးသူများကိုယ်တိုင် ပါဝင်လှုဒါန်းသွားနိုင်မည့် “Samsung နှင့်အတူ ဝေမျှကူ” အစီအစဉ်အား မြန်မာနိုင်ငံတစ်ဝန်းတွင် စတင်မိတ်ဆက်ကြောင်း ယနေ့ပင်ကြေညာခဲ့သည်။ အဆိုပါ အစီအစဉ်အရ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့မှ အောက်တိုဘာလ ၁၂ ရက်နေ့ကာလအတွင်း Samsung စမတ်ဖုန်းများကို ဝယ်ယူအားပေးသူများအနေနှင့် ငွေကျပ် ၅ သိန်းအထိ၊ အိမ်သုံးလျှပ်စစ်ထုတ်ကုန်များကို ဝယ်ယူအားပေးသူများအနေနှင့် ငွေကျပ် ၁၂ သိန်းအထိ Cashback အကျိုးခံစားခွင့်များကို လက်ငင်းရရှိခံစားနိုင်မည့်အပြင် ဝယ်ယူမှုတိုင်းအတွက် လှုဒါန်းငွေပမာဏ ၃,၀၀၀ ကျပ် မှ ၁၀,၀၀၀ ကျပ်အထိကိုလည်း လိုအပ်သောနေရာများသို့ Samsung က မျှဝေပေးသွားမည်ဖြစ်သည်။

 

သတ်မှတ်ကာလအတွင်း Samsung ထုတ်ကုန်များကို နိုင်ငံတစ်ဝန်းရှိ အမှတ်တံဆိပ်အရောင်းဆိုင်များနှင့် အခြား အရောင်းဆိုင်များမှဖြစ်စေ၊ အွန်လိုင်းမှဖြစ်စေ ဝယ်ယူရင်း “Samsung နှင့်အတူ ဝေမျှကူ” ဟူသည့် QR Code ကို scan ဖတ်ကာ ဘိုးဘွားရိပ်သာ၊ မိဘမဲ့ဂေဟာ နှင့် မသန်စွမ်းရိပ်သာ တို့အနက် မိမိမျှဝေလိုသောနေရာကို ရွေးချယ်ဝေမျှသွားနိုင်မည် ဖြစ်သည်။ ထိုသို့ဝေမျှခြင်းအတွက် ကျေးဇူးတင်လွှာကို Samsung က ပေးအပ်သွားမည်ဖြစ်ပြီး #LoveandCarewithSamsung ဟူသည့် hashtag ကိုအသုံးပြု၍ အဆိုပါကျေးဇူးတင်လွှာကို မိမိတို့၏ Facebook စာမျက်နှာထက်တွင် public နှင့် မျှဝေခြင်းဖြင့် Samsung က ပေးအပ်မည့် ထပ်ဆောင်းဆုလက်ဆောင်များစွာကိုလည်း ကံစမ်းခွင့်ရရှိသွားမည်ဖြစ်သည်။ အသေးစိတ်အချက်အလက်များကို Samsung ၏ တရားဝင် Facebook စာမျက်နှာနှင့် နီးစပ်ရာအရောင်းဆိုင်များတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

“ကျွန်တော်တို့ Samsung အနေနဲ့ မြန်မာပြည်သူလူထုအတွက် သင့်တော်မှုအရှိဆုံးနဲ့ အဆန်းသစ်ဆုံး နည်းပညာထုတ်ကုန်တွေကို အမြဲမပြတ်ပေးအပ်နေတဲ့အပြင် မြန်မာနိုင်ငံတစ်ဝန်းက လိုအပ်နေတဲ့ နေရာ‌တွေကိုလည်း ‘Samsung နှင့်အတူ ဝေမျှကူ’ ဆိုတဲ့ အစီအစဉ်နဲ့ နှစ်စဉ်ကူညီထောက်ပံ့မှုတွေ လုပ်ဆောင်နေပါတယ်။ ဒီနှစ်မှာတော့ လိုအပ်နေတဲ့ ကဏ္ဍ (၃) ခုအတွက် ကူညီထောက်ပံ့မှုတွေကို ကျွန်တော်တို့တန်ဖိုးထားရတဲ့ အသုံးပြုသူတွေနဲ့အတူလက်တွဲပြီး ပေးအပ်လိုတာကြောင့် အခုလို ‘Samsung နဲ့အတူ ဝေမျှကူ’ ဆိုတဲ့အစီအစဉ်ကို အကောင်အထည်ဖော်ဖြစ်ခဲ့ခြင်းဖြစ်ပါတယ်။ ဒီလို ကူညီထောက်ပံ့မှုတွေကတစ်ဆင့် တန်ပြန်ရရှိလာတဲ့ ချစ်ခြင်းမေတ္တာနဲ့ ဆုတောင်းစကားတွေဟာ ကျွန်တော်တို့တွေ ရှေ့ဆက်လျှောက်လှမ်းရမယ့် ခရီးအတွက် စိတ်ခွန်အားတွေဖြစ်စေမယ်လို့ ယုံကြည်ပါတယ်” ဟု Samsung Myanmar ၏ Managing Director ဖြစ်သူ Mr. Harrison Song က ပြောကြားခဲ့သည်။

အစီအစဉ်ကာလပြီးဆုံးသည့်အချိန်တွင် လှုဒါန်းသွားမည့်နေရာများနှင့် မည်သည့်နေရာများအား ငွေပမာဏ မည်မျှလှူဒါန်းခဲ့ကြောင်းကို Samsung Myanmar ၏ တရားဝင် Facebook စာမျက်နှာမှတစ်ဆင့် ကြေညာပေးသွားမည့်အပြင် ဝယ်ယူအားပေးသူများအလိုရှိပါကလည်း အဆိုပါသတ်မှတ်ထားသော နေရာ (၃) နေရာသို့ Samsung Myanmar ၏ ဝန်ထမ်းများနှင့်အတူ ကိုယ်တိုင်ကိုယ်ကျ လိုက်ပါလှုဒါန်းနိုင်ရန် စီစဉ်ပေးသွားမည်ဖြစ်သည်။

အရှေ့တောင်အာရှ၊ ပစိဖိတ်အလယ်ပိုင်းနှင့် တောင်ပစိဖိတ်ဒေသများရှိ ဈေးကွက်များတွင် ၁၉၉၅ ခုနှစ်မှ စတင် ဆောင်ရွက်လျက်ရှိသည့် ရေရှည်လူမှုအကျိုးပြုအစီအစဉ်တစ်ခုဖြစ်သော “Samsung Love & Care” အစီအစဉ်သည် ကမ္ဘာတစ်ဝန်းရှိ ပြည်သူများ၏ လူနေမှုဘဝ ပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်ချက်ဖြင့် Samsung မှ အကောင်အထည်ဖော် လုပ်ဆောင်နေသည့် လူမှုအကျိုးပြု အစီအစဉ်တစ်ခု ဖြစ်သည်။

မြန်မာနိုင်ငံဈေးကွက်တွင် Samsung Love & Care အစီအစဉ်အား ၂၀၁၅ ခုနှစ်က စတင်လုပ်ဆောင်ခဲ့ပြီး နိုင်ငံတစ်ဝန်းမှ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၊ မျက်မမြင်နှင့် မသန်စွမ်း အဖွဲ့အစည်းများ၊ ကျောင်းသားလူငယ်များအတွက် လိုအပ်သည့် ကူညီထောက်ပံ့မှုများနှင့် အသိပညာပေးမှုများအား နှစ်စဉ်လုပ်ဆောင်ပေးလျက်ရှိသည်။

Press Release – Samsung