Samsung Myanmar အနေနဲ့ နိုင်ငံတဝန်းက အခွင့်အလမ်းနည်းပါးသည့် လူမှုအသိုင်းအဝိုင်းနှင့် ကလေးငယ်များအတွက် အထောက်အကူဖြစ်စေမည့် ကူညီဖေးမမှုများကို Samsung Love & Care အစီအစဉ်နှင့်အတူ နှစ်စဉ်ကျင်းပလုပ်ဆောင်လျက်ရှိရာ ယခုအခါတွင်လည်း ဝယ်ယူအားပေးသူများ ကိုယ်တိုင်ပါဝင်လှုဒါန်းနိုင်တဲ့ “Samsung နှင့်အတူ ဝေမျှကူ” အစီအစဉ်ကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပါသည်။ ၎င်းအစီအစဉ်တွင် Samsung ချစ်သူများ၏ အင်တိုက်အားတိုက် ပါဝင်အားဖြည့်မှုများကြောင့် လှုဒါန်းငွေ ကျပ်သိန်းပေါင်း (၃၅၀) နှင့်အတူ Samsung Myanmar မှ ထပ်ဆင့်လှုဒါန်းမှူများအနေနဲ့ စုစုပေါင်းတန်ဖိုး သိန်း (၅၅၀) ကျော်ရှိ Samsung ထုတ်ကုန်ပစ္စည်းများ၊ အခြားပံ့ပိုးမှုများစွာကို မိဘမဲ့ဂေဟာ၊ ဘိုးဘွားရိပ်သာ နှင့် မသန်စွမ်းရိပ်သာ စသည့်နေရာအသီးသီးတွင် မျှဝေလှူဒါန်းသွားမည် ဖြစ်သည်။

ပထမဦးစွာ Samsung ချစ်သူများကိုယ်တိုင် QR Code အား scan ဖတ်ကာ ရွေးချယ်ထားကြသည့် ပုသိမ်မြို့နယ်၊ သဲဖြူကျေးရွာရှိ ဧရာရတနာကျောင်းတိုက် မိဘမဲ့ကလေးစောင့်ရှောက်ရေး သို့ Samsung Myanmar အဖွဲ့သားများမှ အောက်တိုဘာလ (၂၇) ရက်နေ့တွင် ကိုယ်တိုင်သွားရောက်ခဲ့ပြီး လှုဒါန်းငွေများနှင့် ကျောင်းသုံးပစ္စည်းများအား ပေးအပ်ခဲ့သည့် အပြင် အခြားသောအစီအစဉ်များကိုလည်း ကလေးငယ်များနှင့်အတူ လုပ်ဆောင်ခဲ့ပါသည်။

အခမ်းအနားတွင် မိဘမဲ့ဂေဟာမှ ကျောင်းသားကလေးငယ်တွေအတွက် စာသင်ကျောင်းတည်ဆောက်ရန် မတည်လှူဒါန်းငွေကျပ် သိန်း ၁၀၀ အပြင် ထပ်ဆောင်း ငွေကျပ် သိန်း ၁၆၀ ကျော်တန်ဖိုးရှိ Samsung တက်ဘလက်များ၊ တီဗီနှင့် စမတ်ဖုန်းများကို (စုစုပေါင်း ငွေကျပ်သိန်း ၂၆၀ ကျော်) လည်း ကျောင်းရှိ ကျောင်းသားကလေးများ ပညာသင်ကြားရန်နှင့် ဗဟုသုတတိုးမြှင့်စေရန် ရည်ရွယ်ချက်များဖြင့် ထောက်ပံ့လှုဒါန်းခဲ့သည့်အပြင် လိုအပ်သည့် ကျောင်းသုံးပစ္စည်းများကိုလည်း ကျောင်းသားတစ်ဦးစီကို ပေးအပ်ခဲ့ပါသည်။

အဆိုပါ လှူဒါန်းမှုများအပြင် Samsung Myanmar အဖွဲ့သားများမှ ကျောင်းရှိကျောင်းသားကလေးသူငယ်များအား နေ့လည်စာ ကျွေးမွေးခြင်း၊ Samsung Galaxy တက်ဘလက်များဖြင့် ဆေးရောင်ခြယ်ခြင်း၊ ဉာဏ်စမ်းပဟေဠိ မေးခွန်းများ ဖြေကြားခြင်း အစရှိသည့် ပျော်ရွှင်စရာ ဂိမ်းအစီအစဉ်များကိုလည်း အတူတကွ ပြုလုပ်ခဲ့ကြပါသည်။

ဆက်လက်၍ အမှတ်တရ အစီအစဉ်အနေဖြင့်လည်း “Samsung နှင့်အတူ ဝေမျှကူ” ပိတ်ကားပေါ်တွင် ဆေးရောင်များဖြင့် အလှခြယ်ခြင်း၊ သီတင်းကျွတ်အမှတ်တရ Samsung မီးပုံများပေါ်တွင် ဆုတောင်းစာ ရေးသားချိတ်ဆွဲခြင်းများကိုလည်း Samsung အဖွဲ့သားများမှ ကလေးငယ်များနှင့် အတူတကွ ပြုလုပ်ခဲ့ကြပါသည်။ ထို့အပြင် Samsung Customer Service Team မှ ကျွမ်းကျင်သူများကလည်း ကျောင်းအဆောက်အအုံထဲတွင် TV တပ်ဆင်ပေးခြင်းဖြင့် ပါဝင်အားဖြည့်ခဲ့ပါသည်။

Press Release – Samsung