Samsung ဟာ မကြာသေးခင်တုန်းကမှ Foldable စမတ်ဖုန်းအသစ်တွေဖြစ်တဲ့ Galaxy Z Fold3 ဖုန်းနဲ့ Z Flip3 ဖုန်းတွေကို မိတ်ဆက်ခဲ့ပါတယ်။ လက်ရှိသိရှိထားရတဲ့သတင်းတွေအရလည်း Samsung ဟာ အဆိုပါ Foldable ဖုန်းတွေကို ယခင်ထက်ပိုပြီးအောင်မြင်နေပြီး Pre-order အများအပြားရောင်းချနေရပြီလို့ သိရပါတယ်။

အခုလိုမျိုး အောင်မြင်ရတာကလည်း Samsung ဟာ ပထမဆုံးအနေနဲ့ Foldable ဖုန်းတွေမှာ IPX8 Water Resistant ကို ရရှိအောင် ပြုလုပ်ပေးနိုင်ခဲ့သလို Galaxy Z Fold3 ဖုန်းမှာဆိုရင်လည်း Under Display Camera ၊ S Pen Support တွေကိုပါ ထည့်သွင်းပေးခဲ့ပါတယ်။ Galaxy Z Flip3 ဆိုရင်လည်း ပုံမှန် Flagship ဖုန်းတစ်လုံးရဲ့ စျေးနှုန်းဖြစ်တဲ့ $999 အထိ လျော့ချပြီးရောင်းချနိုင်ခဲ့တာဖြစ်ပါတယ်။

အခုနောက်ဆုံးထွက်ရှိလာတဲ့သတင်းအရတော့ Samsung ဟာ လာမယ့် Galaxy Z Fold စမတ်ဖုန်းကို လုံးဝပုံစံပြောင်းလဲပြီး Foldable Design အစား Roll-out Display ကို အသုံးပြုလာဖွယ်ရှိနေပါတယ်။ ဒါကဘာကြောင့်လဲဆိုတော့ Samsung ဟာ Rollable Display နည်းပညာပါဝင်တဲ့ စမတ်ဖုန်း Design တစ်ခုကို မူပိုင်ခွင့်ရယူလိုက်တာကြောင့်ဖြစ်ပါတယ်။

LetsGoDigital ရဲ့ ဖော်ပြချက်အရတော့ Samsung ဟာ အဆိုပါ Roll-out Display ကို “Galaxy Z Fold & Roll” ဆိုပြီး နာမည်ပေးထားတယ်လို့ သိရပါတယ်။ Samsung ဟာ Roll-out Display ကို Model ၂ မျိုးနဲ့ မူပိုင်ခွင့်ရယူခဲ့တာဖြစ်ပြီး Model A ဟာ Device ကို ခေါက်ထားတဲ့အချိန်မှာ ညာဘက်ကနေ ထွက်လာမှာဖြစ်ပြီး Model B ကတော့ Device ကို ခေါက်ထားတဲ့အချိန်မှာ ဘယ်ဘက်ကနေ ထွက်လာမှာဖြစ်ပါတယ်။ အဲ့ဒါကြောင့် လက်ရှိ Galaxy Z Fold3 လိုမျိုး External Display တော့ ပါဝင်မှာမဟုတ်တော့ပါဘူး။

ဘာပဲဖြစ်ဖြစ် အခုလိုမျိုး မူပိုင်ခွင့်ရယူလိုက်တယ်ဆိုပေမယ့်လည်း Samsung ကနေ ဒီလိုမျိုး Roll-out Design ကို လက်တွေ့မှာ တကယ်အသုံးပြုပြီး Galaxy Z Fold အသစ်အနေနဲ့ ထွက်လာမလားဆိုတာကိုတော့ မသိရသေးပါဘူး။ ဒါပေမယ့်လည်း လာမယ့်နှစ်ပိုင်းအတွင်းမှာ မိတ်ဆက်နိုင်ခြေတော့ ရှိနေပြီဖြစ်ပါတယ်။

Ref – Gizmo China