ဝယ်ယူအားပေးသူများကိုယ်တိုင် ရွေးချယ်ခဲ့သည့် Vote အရေအတွက် အလိုက် မိဘမဲ့ဂေဟာ၊ ဘိုးဘွားရိပ်သာ နှင့် မသန်စွမ်းရိပ်သာများထံသို့ စုစုပေါင်း ကျပ်သိန်း (၉၀၀) ‌ကျော် တန်ဖိုးရှိ လှူဒါန်းမှုများအား ပြုလုပ်ရန်

နှစ်စဉ်ကျင်းပလျက်ရှိသည့် Samsung Love & Care လူမှုအကျိုးပြုအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဝယ်ယူအားပေးသူများကိုယ်တိုင် ပါဝင်လှုူဒါန်းသွားနိုင်မည့် “Samsung နှင့်အတူ ဝေမျှကူ” အစီအစဉ် (Samsung စမတ်ဖုန်းဝယ်ယူသူများအနေနှင့် ငွေကျပ် ၅ သိန်းအထိ နှင့် အိမ်သုံးလျှပ်စစ်ထုတ်ကုန်များ ဝယ်ယူသူများအနေနှင့် ငွေကျပ် ၁၂ သိန်းအထိ Cashback အကျိုးခံစားခွင့်များ ပြန်လည်ပေးအပ်သွားမည့်အစီအစဉ်) ကို Samsung Myanmar မှ ပြီးခဲ့သည့် စက်တင်ဘာလ ၂၃ ရက်နေ့မှ အောက်တိုဘာလ ၁၂ ရက်နေ့ကာလအတွင်း မြန်မာနိုင်ငံတစ်ဝန်းတွင် အောင်မြင်စွာ ဖော်ဆောင်နိုင်ခဲ့သည်။ အစီအစဉ်ကာလ အတွင်း Samsung ချစ်သူများ၏ အင်တိုက်အားတိုက် ပါဝင်အားဖြည့်မှုများမှ ရရှိခဲ့သော လှုူဒါန်းငွေ ကျပ်သိန်းပေါင်း (၃၅၀) နှင့်အတူ Samsung Myanmar မှ ထပ်ဆင့်လှုူဒါန်းငွေ စုစုပေါင်းတန်ဖိုး သိန်း (၅၅၀) ကျော်ရှိ Samsung ထုတ်ကုန်ပစ္စည်းများနှင့် အခြားသော ကူညီထောက်ပံ့မှု များစွာအား ဘိုးဘွားရိပ်သာ၊ မိဘမဲ့ဂေဟာ နှင့် မသန်စွမ်းရိပ်သာ စသည့်နေရာအသီးသီးတွင် မျှဝေလှူဒါန်းသွားမည် ဖြစ်သည်။

“Samsung နှင့်အတူ ဝေမျှကူ” အစီအစဉ်ကာလအတွင်း Samsung ချစ်သူများကိုယ်တိုင် QR Code အား scan ဖတ်ကာ ရွေးချယ်ခဲ့ကြသည့် Vote အရေအတွက်အလိုက် Samsung Myanmar မှ

၁။ ဦးစွာအနေနှင့် သဲဖြူကျေးရွာ၊ ပုသိမ်မြို့နယ်အတွင်းရှိ ဧရာရတနာကျောင်းတိုက် မိဘမဲ့ကလေးစောင့်ရှောက်ရေး သို့ စာသင်ကျောင်းဆောက်လုပ်ရန် မတည်ငွေ၊ ကျောင်းနေ စာသင်ကလေးသူငယ် များ ပညာဗဟုသုတများ သင်ကြားရာတွင် အသုံးပြုနိုင်ရန် စုစုပေါင်း ကျပ်သိန်း (၂၆၀) ကျော် တန်ဖိုးရှိ ထောက်ပံ့ငွေများ၊ Samsung တက်ဘလက်၊ တီဗီနှင့် စမတ်ဖုန်းများအပြင် ကျောင်းရှိကလေးလူငယ်များအတွက် ကျောင်းသုံးပစ္စည်းများ၊ မုန့်အလှုူဒါနများအား အောက်တိုဘာလ (၂၇) ရက်နေ့၊ ၂၀၂၂ ခုနှစ်တွင် ကိုယ်တိုင်သွားရောက် မျှဝေလှူဒါန်းခြင်း

 

၂။ နိုဝင်ဘာလ (၄) ရက်နေ့၊ ၂၀၂၂ ခုနှစ်တွင် Samsung Myanmar အဖွဲ့သားများနှင့်အတူ Team Galaxy အဖွဲ့ဝင် နာမည်ကျော်အနုပညာရှင် ပိုးမမှီသာတို့မှ သန်လျင်မြို့ သဘာဝတရားရိပ်သာ တွင် အထွေထွေ ဗဒေသာပင် လှူဒါန်းငွေကျပ် သိန်း (၁၄၀) ၊ ဘိုးဘွားများနှင့် တာဝန်ရှိသူများကို နေ့စဉ်လုပ်ဆောင်ချက်များတွင် အသုံးပြုနိုင်ရန် သိန်း (၁၉၀) ကျော်တန်ဖိုးရှိ Samsung ထုတ်ကုန်ပစ္စည်းများ၊ နေ့လည်စာတည်ခင်းမှုများ (စုစုပေါင်း သိန်း ၃၃၀ ကျော်တန်ဖိုးရှိ လှူဒါန်းမှုများ) အား ကိုယ်တိုင်သွားရောက် လှူဒါန်းပေးအပ်ခြင်း

၃။ ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်ရှိ အေးမေတ္တာမသန်စွမ်းရိပ်မြုံ တွင် Samsung Myanmar မှ ရာသက်ပန် အလှူငွေကျပ်နှင့်အတူ ကျောင်းရှိ မသန်စွမ်းကလေးငယ်များအား ပညာဗဟုတု တိုးတက်စေရန် ရည်ရွယ်ချက်နှင့် သင်ကြားလေ့လာမှုတွင် အထောက်အကူဖြစ်စေရန် စုစုပေါင်း ကျပ်သိန်း ၃၁၀ တန်ဖိုးရှိ လှူဒါန်းမှုများ၊ Samsung တက်ဘလက်၊ တီဗီနှင့် စမတ်ဖုန်းများအား နိုဝင်ဘာလ (၁၁) ရက်နေ့ ၂၀၂၂ ခုနှစ်တွင် Team Galaxy အဖွဲ့ဝင် နာမည်ကျော်အနုပညာရှင် ပန်းရောင်ခြယ်နှင့်အတူ အသီးသီးသွားရောက် လှူဒါန်းဝေမျှသွားမည် ဖြစ်ပါသည်။

“ချစ်ခြင်းမေတ္တာတရားဆိုတာ လူတစ်ဦးကနေ တစ်ဦးကို ပေးအပ်နိုင်တဲ့ အဓိပ္ပာယ်အရှိဆုံး ကူညီထောက်ပံ့မှု တစ်ခုပါ။ ဒါကြောင့်လည်း Samsung Myanmar အနေနဲ့ နှစ်စဉ် Samsung Love & Care အစီအစဉ်ကနေ တဆင့် လိုအပ်ချက်ရှိနေတဲ့ မြန်မာနိုင်ငံတဝန်းက လူမှုအသိုင်းအဝိုင်းတွေကို တတ်အားသမျှ ချစ်ချင်းမေတ္တာတွေနဲ့အတူ ကူညီပေးနေတာ ဖြစ်ပါတယ်။ ဒီနှစ်မှာ တော့ Samsung Myanmar အပြင် ကျွန်တော်တို့ရဲ့ လေးစားတန်ဖိုးထားရတဲ့ Samsung ချစ်သူများရဲ့ အကူအညီတွေနဲ့အတူ “Samsung နှင့်အတူ ဝေမျှကူ” အစီအစဉ်ကနေတဆင့် လိုအပ်ချက်ရှိနေတဲ့ နေရာ ၃ နေရာအတွက် စုစုပေါင်း ကျပ်သိန်းပေါင်း ၉၀၀ ကျော် ကူညီလှုူဒါန်းမှုတွေကို အောက်တိုဘာလနဲ့ နိုဝင်ဘာလတွေမှာ အသီးသီး မျှဝေလှုူဒါန်းပေးသွားမှာ ဖြစ်ပါတယ်။” ဟု Samsung Myanmar ၏ Managing Director ဖြစ်သူ Mr. Harrison Song က ပြောကြားခဲ့သည်။

Samsung Love & Care အစီအစဉ်ကို ၁၉၉၅ ခုနှစ်ကတည်းကစတင်ပြီး အရှေ့တောင်အာရှ၊ ပစိဖိတ်အလယ်ပိုင်းနဲ့ တောင်ပစိဖိတ်ဒေသတွေ၌ အခွင့်အလမ်းနည်းပါးသော လူမှုအသိုင်းအဝန်းများအား ကူညီထောက်ပံ့ပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် စတင်လုပ်ဆောင်ခဲ့သည်။ မြန်မာနိုင်ငံတွင် Samsung Love & Care အစီအစဉ်ကို ၂၀၁၅ ခုနှစ်မှ စတင် လုပ်ဆောင်ခဲ့ပြီး နိုင်ငံတဝန်းရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ မျက်မမြင်၊ မသန်စွမ်းအဖွဲ့အစည်းများရှိ ကျောင်းသားလူငယ်များအတွက် လိုအပ်သော ကူညီထောက်ပံ့မှုများ၊ အသိပညာပေးမှုများစွာကို လုပ်ဆောင်ပေးလျက် ရှိသည်။ လာမည့်နောက်နောင်များ တွင်လည်း မြန်မာနိုင်ငံတစ်ဝန်းရှိ အခွင့်အလမ်းနည်းပါးသော လူမှုအသိုင်းအဝိုင်းနှင့် ကျောင်းသားလူငယ်များ၊ အမျိုးမျိုးသော ထောက်ပံ့မှုများလိုအပ်နေသည့် နေရာများ၌လည်း တတ်စွမ်းသည့်အားနှင့် ဆက်လက် ကူညီထောက်ပံ့သွားမည့် ရည်သန်ချက်များနှင့် စဉ်ဆက်မပြတ် လုပ်ဆောင်သွားမှာ ဖြစ်ပါသည်။

Press Release – Samsung