Samsung ဟာ မကြာသေးခင်တုန်းက မိတ်ဆက်ခဲ့တဲ့ Galaxy S22 Series ဖုန်းတွေထဲက S22 Ultra ဖုန်းမှာ S Pen ကို ထည့်သွင်းပေးခဲ့ပါတယ်။ ယခင် Galaxy S21 Ultra တုန်းကလည်း S Pen ကို Support ပြုလုပ်ခဲ့ပေမယ့် Galaxy S22 Ultra ကျမှပဲ Note Series ဖုန်းအတိုင်း S Pen ကို ဖုန်းအတွင်းမှာ ထည့်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

အခုအချိန်မှာတော့ Samsung စမတ်ဖုန်းဌာနရဲ့ အကြီးအကဲဖြစ်တဲ့ Roh Tae-moon ကိုယ်တိုင်ကနေ Galaxy Note ဆိုတာက သေဆုံးသွားပြီဖြစ်ပြီး Ultra နာမည်ပါဝင်တဲ့ ဖုန်းတွေကပဲ S Pen ပါဝင်တဲ့ Note ဖုန်းအဖြစ် ဆက်လက်တည်ရှိသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

Samsung ဟာ ၂၀၂၀ ခုနှစ်တုန်းက မိတ်ဆက်ခဲ့တဲ့ Galaxy Note 20 Series နောက်ပိုင်းမှာ Note Series ဖုန်းတွေကိုထပ်မံမိတ်ဆက်ခြင်းမရှိတော့ဘဲ ၂၀၂၁ ခုနှစ်မှာလည်း Galaxy S21 Series နဲ့ Foldable ဖုန်းတွေကိုပဲမိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ယခင်ကတည်းက Galaxy Note Series ဖုန်းတွေဟာ သေဆုံးသွားပြီဆိုပြီး သတင်းထွက်နေခဲ့တာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် အခုလိုမျိုး Samsung ကနေ တရားဝင်အနေနဲ့ နာမည်မှာ Ultra ပါဝင်တဲ့ ဖုန်းတွေဟာ S Pen ပါဝင်တဲ့ Note ဖုန်းအသွင်ဖြစ်မယ်လို့ ပြောကြားခဲ့တာကြောင့် Galaxy Z Fold 4 ကြရင်လည်း S Pen ပါဝင်တဲ့ Ultra Version အနေနဲ့ မိတ်ဆက်လာဖွယ်ရှိနေပါတယ်။

Ref – The Verge