Samsung ဟာ ပြီးခဲ့တဲ့လပိုင်းတုန်းက စတင်ပြီး Android 13 OS ကို အခြေခံထားတဲ့ One UI 5.1 Update ကို Galaxy S23 Series အပြင် တခြား Galaxy ဖုန်းတွေအတွက် ထုတ်ပေးခဲ့ပါတယ်။ အဆိုပါ One UI 5.1 Update ဟာ Feature ပိုင်းအသစ်တွေအပြင် အသုံးပြုရတာပိုပြီး Smooth ဖြစ်အောင် ရည်ရွယ်ထားခဲ့ပေမယ့် အခုနောက်ဆုံးသိရတဲ့သတင်းအရ ပြဿနာအနည်းငယ်ကြုံနေရပါတယ်။

ဒါက တချို့သော Samsung Galaxy ဖုန်းတွေမှာ One UI 5.1 Update တင်ပြီး Battery ပိုင်း ပြဿနာတွေကြုံနေရတာဖြစ်ပါတယ်။ များသောအားဖြင့် အဆိုပါ Battery ပြဿနာကြုံနေရတဲ့ Galaxy ဖုန်းတွေဟာ ပုံမှန်ထက်ပိုပြီး Heat တက်လာပြီး Battery သက်တမ်းကလည်း မြန်ဆန်စွာအားကုန်နေတာဖြစ်တယ်လို့ သိရပါတယ်။

လောလောဆယ်မှာ အခုလို Battery ပြဿနာကို Galaxy S21 Series နဲ့ Galaxy S22 Series ဖုန်းအသုံးပြုသူတွေ အများဆုံးဖြစ်ပွားနေတယ်လို့ သိရပြီး တခြား One UI 5.1 Update တင်ထားတဲ့ဖုန်းတွေလည်း ဖြစ်ပွားနိုင်ပါတယ်။

အခုအချိန်အထိ ဘာကြောင့် အခုလို ဖုန်းက Heat တက်ပြီး Battery ပိုစားနေသလဲဆိုတာကို တရားဝင်ဖြေရှင်းချက်ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။ တချို့သော အသုံးပြုသူတွေကတော့ Samsung ရဲ့ Default App တစ်ခုဖြစ်တဲ့ Samsung Keyboard က Battery ပုံမှန်ထက် စားနေတယ်ဆိုပြီး Warning ပြသနေတယ်လို့ ဖော်ပြခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် အခုလို One UI 5.1 Update ဟာ ပြဿနာတွေကြုံနေရတဲ့အတွက် မကြာခင်မှာ Samsung ကနေ ပြန်လည်ဖြေရှင်းဖို့အတွက် Software Update ကို အမြန်ဆုံးထုတ်ပေးသွားမယ်လို့ မျှော်လင့်ရပါတယ်။

Ref – Gizmo China