Samsung စမတ်ဖုန်းတွေနဲ့ စမတ် တံခါးတွေကို ခလုတ် တစ်ချက်နှိပ်ကာ နောက်နှစ်မှ စတင်ကာ ဖွင့်နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုလုပ်ဖို့အတွက် UWB ကို အသုံးပြုထားတာ ဖြစ်ပါတယ်။ Tap to unlock function ကို NFC နဲ့ အသုံးပြုရမှာ ဖြစ်ပါတယ်။

Best Samsung Galaxy Phone 2024: Top Samsung Mobile Phones - Tech Advisor

iPhone တွေမှာ စမတ် တံခါးတွေကို ဖွင့်နိုင်တဲ့ လုပ်ဆောင်ချက် ပါလာပြီးသားဖြစ်ပြီး အခုတော့ Samsung User တွေမှာလည်း အဲဒီ လုပ်ဆောင်ချက်ကို အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။ Samsung ဟာ Aliro Smart Lock Standard ကို ထောက်ပံ့ပေးတော့မှာ ဖြစ်ပြီး Wallet ရဲ့ Digital Home Key မှာ ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။

Samsung Merges Galaxy Note And S Series In New Flagship Phones

Samsung စမတ်ဖုန်းနဲ့ စမတ်တံခါးကို ဖွင့်တဲ့အခါ အင်တာနက် ဆက်သွယ်မှု မလိုအပ်ပါဘူး။ တံခါးကို ဖွင့်ဖို့အတွက် ဖုန်းကို Unlock လုပ်စရာလည်း မလိုပါဘူး။

Samsung ဖုန်းမှာ UWB ကို ထောက်ပံ့ပေးထားမှ တံခါးကို ဖွင့်နိုင်မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်အနည်းငယ်က ထွက်ထားတဲ့ စာအုပ်စတိုင် Foldable ဖုန်းတွေနဲ့ Galaxy + နဲ့ Ultra မော်ဒယ်တွေမှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

အနာဂတ်မှာ Samsung ဟာ ဖုန်းများစွာမှာ UWB Support ကို ထည့်သွင်းပေးလာနိုင်ပါတယ်။

Ref : gsmarena