Samsung က Galaxy AI ပါတဲ့ Galaxy S24 Series ကို ပြီးခဲ့တဲ့ရက်က ကြေညာခဲ့ပြီး အခုတော့ Galaxy AI လုပ်ဆောင်ချက်တွေကို ပြသထားတဲ့ ဗီဒီယိုတွေကို မျှဝေလိုက်ပါတယ်။

Live Translate က Samsung Phone App ကနေ ဘာသာစကား ၁၃ မျိုးအတွက် အသံ ဘာသာပြန်မှုကို အချိန်နဲ့ တစ်ပြးညီ ပြုလုပ်ပေးပါတယ်။ Live Translate က Chinese, English, Spanish, French, German, Hindi, Italian, Japanese, Korean, Polish, Portuguese, Thai နဲ့ Vietnamese ဘာသာစကားတွေကို ထောက်ပံ့ပြီး Samsung က အနာဂတ် Software Update မှာ နောက်ထပ် ဘာသာစကားတွေကို ထည့်သွင်းပေးမယ်လို့ ပြောပါတယ်။ Samsung က ဘာသာပြန်တာဟာ Device ထဲမှာ ဖြစ်ပြီး Phone Call တွေက လုံခြုံတယ်လို့ ပြောပါတယ်။

Transcript Assist က အသံ Recording တွေကို စာသားအဖြစ် ပြောင်းတာ၊ ဘာသာပြန်တာနဲ့ အကျဉ်းချုပ်ပေးတာတွေ ပြုလုပ်ပေးပါတယ်။ ဒီလုပ်ဆောင်ချက်ကို Samsung Voice Recorder App ထဲမှာ ထည့်သွင်းထားပါတယ်။

Chat Assist က Live Translate နဲ့ ဆင်တူပြီး ဘာသာစကား ၁၃ မျိုးနဲ့ Message တွေကို ဘာသာပြန်ပေးနိုင်ပါတယ်။ Samsung Messages App နဲ့ Third-party Messaging App တွေမှာ အလုပ်လုပ်ပြီး Message ရဲ့အောက်မှာ ဘာသာပြန်တာကို ပြသပေးပါတယ်။ ဒီလုပ်ဆောင်ချက်က Conversation အပေါ်မူတည်ကာ မတူညီတဲ့ Writing Style နဲ့ Tones တွေကို အကြံပြုပေးပါတယ်။

Note Assist က Samsung Notes မှာ မှတ်စုတွေကို အကျဉ်းချုပ်ပေးပါတယ်။ ရွေးချယ်စရာ Template များစွာ ပါတဲ့  Automatic Formatting ထောက်ပံ့ထားပါတယ်။

Generative Edit က ဓါတ်ပုံထဲက Object ကို အရွယ်အစားပြောင်းတာနဲ့ ဖျက်တာတွေ ပြုလုပ်နိုင်ပြီး AI က ဖျက်လိုက်တဲ့ နေရာမှာ ဖြည့်ပေးပါတယ်။ Edit Suggestion လုပ်ဆောင်ချက်က အလင်းပြန်တာကို ဖျောက်ပေးပြီး အရောင် ပရိုဖိုင်ကို ပြောင်းလဲခြင်းဖြင့် ဓါတ်ပုံ အရည်အသွေးတိုးတက်အောင် လုပ်ပေးပါတယ်။

Ref : gsmarena