Samsung ရဲ့ လာမဲ့မျိုးဆက်သစ် Foldable စမတ်ဖုန်းနှစ်မျိုးဟာ ဒုတိယနှစ်ဝက်အတွင်း တရားဝင်မိတ်ဆက်လာတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကုမ္ပဏီဟာ Foldable သစ်တွေအတွက် အားစိုက်လုပ်ဆောင်နေပြီး အဓိကအစိတ်အပိုင်းတွေကို အလုံးအရင်းလိုက် ထုတ်လုပ်နေပြီလို့ The Elec က ဖော်ပြလာပါတယ်။

Samsung electronics ဟာ Samsung Galaxy Z Fold4 နဲ့ Galaxy Z Flip4 စတဲ့ Foldable တွေကို ဇွန်လလယ်မှာ စတင်ထုတ်လုပ်တော့မယ်လို့လည်း သတင်းထွက်ပေါ်နေတာပါ။ တောင်ကိုရီးယားကုမ္ပဏီကြီးအနေနဲ့ ဒီနှစ်မှာ Flip နဲ့ Fold စီးရီးကြား Foldable ဖုန်းအလုံးရေ ၁၀ သန်းကျော် ထုတ်လုပ်ဖို့ မျှော်လင့်ထားကြောင်း သတင်းအများစုမှာ ဖော်ပြနေပါတယ်။

ဒီ ၁၀ သန်းကျော်အနက် ၇၀% ဟာ Flip စီးရီးတွေဖြစ်နိုင်ပြီး ကျန် ၃၀% ကတော့ Galaxy Fold device တွေ ဖြစ်မယ်လို့ သိရပါတယ်။ အမှန်တကယ်ထုတ်လုပ်မှုနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ဇူလိုင်လအထိ ထုတ်ပြန်မှာမဟုတ်တဲ့အတွက် အခုဖော်ပြထားတဲ့ကိန်းဂဏန်းတွေဟာ ခန့်မှန်းချက်အဖြစ်သာ သိထားရမှာဖြစ်ပါတယ်။

အကိုးအကားအနေနဲ့ဖော်ပြရရင်တော့ ၂၀၂၁ ခုနှစ်ရဲ့ Z Flip3 ဟာ Samsung ရဲ့ စုစုပေါင်း Foldable ပမာဏ ၆၅% ဖြစ်ပြီး ၃၅% ကတော့ Z Fold3 ဖြစ်ပါတယ်။ တစ်ဘက်မှာ Samsung Display ဟာ Foldable display modules တွေအတွက် သူ့ရဲ့ထုတ်လုပ်မှုစွမ်းရည်ကို မြှင့်တင်ပေးမယ်လို့လည်း သိရပါတယ်။

Samsung ဟာ အရင်ကထုတ်လုပ်ခဲ့တဲ့ အလုံးရေ ၁.၄ ကနေ ၁.၅ သန်းနဲ့နှိုင်းယှဉ်ရင် တစ်လကို Display module ပေါင်း ၂ သန်း ထုတ်လုပ်နိုင်ဖို့မျှော်လင့်ပြီး သူ့ရဲ့ဗီယက်နမ်စက်ရုံမှာ ထုတ်လုပ်မှုလိုင်း ၇ ကနေ ၁၀ အထိ တိုးချဲ့သွားမယ်လို့ သိရပါတယ်။ Galaxy Z Fold4 နဲ့ Galaxy Z Flip4 ရဲ့ Display ထုတ်လုပ်မှုတွေဟာ တတိယသုံးလပတ်အတွင်း တစ်လကို အလုံးရေ ၁ သန်းဖြစ်လာမယ်လို့ သိရပါတယ်။

Ref: GSM Arena