Galaxy A71 စမတ်ဖုန်းဟာ Samsung ရဲ့ ရောင်းအားအကောင်းဆုံးဖုန်းတွေထဲက တစ်လုံးဖြစ်ပါတယ်။ Samsung ကိုယ်တိုင်က Galaxy A71 အတွက် Android Software Update ကို ၃ နှစ်အထိ ပေးသွားမယ်ဆိုပြီး ကတိပေးခဲ့တဲ့ Galaxy A Series ဖုန်းလည်းဖြစ်ပါတယ်။

အခုလည်း Galaxy A71 ဖုန်းအတွက် Feature အသစ်တွေပါဝင်လာတဲ့ OneUI 2.5 Update ကို တရားဝင်ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။ အစောပိုင်းတုန်းက Samsung ဟာ OneUI 2.5 Update ကို Galaxy S ၊ Note ၊ Galaxy Tab S နဲ့ Foldable ဖုန်းတွေဖြစ်တဲ့ Galaxy Z Series တွေအတွက်ပဲ ထုတ်ပေးသွားမယ်ဆိုပြီး ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။

Galaxy A71 အတွက် OneUI 2.5 Update ဟာ Flagship ဖုန်းတွေဖြစ်တဲ့ Galaxy Note 20 Series လိုမျိုး Wireless DeX လို High End Feature တွေတော့ပါဝင်မှာမဟုတ်ပါဘူး။ ဒါပေမယ့်လည်း Wi-Fi Password တွေအတွက် “Request Password” ၊ Always-on Display အတွက် Sticker ၊ Split Keyboard for Landscape Mode ၊ Message SOS Feature တွေပါဝင်လာမယ်လို့ သိရပါတယ်။

အဆိုပါ OneUI 2.5 Update နဲ့အတူ October Security Patch လည်းပါဝင်လာမှာဖြစ်ပြီး Firmware Version A715FXXU3ATI8 အနေနဲ့ ထွက်ရှိလာတာဖြစ်ပါတယ်။ လောလောဆယ်မှာ တကမ္ဘာလုံးမှာရှိတဲ့ Galaxy A71 စမတ်ဖုန်းတွေအတွက် တဆင့်ချင်းစီ Update ထုတ်ပေးနေတယ်လို့ သိရတဲ့အတွက် မကြာခင်မှာ Update ရရှိလာမယ်လို့ ယူဆရပါတယ်။

Ref – Gizmo China