Samsung က ဇူလိုင်လမှာ ဆိုက်ဘာ လုံခြုံရေး ပေါက်ကြားမှု ဖြစ်ပွားခဲ့တယ်လို့ Customer တွေကို သတိပေးလိုက်ပြီး Third Party အဖွဲ့အစည်း ၁ ခုက Samsung ရဲ့ US System ကနေ အမည်၊ မွေးနေ့၊ ဖုန်းနံပါတ်နဲ့ ထုတ်ကုန် မှတ်ပုံတင် သတင်းအချက်အလက် အပါအဝင် ဒေတာတွေကို ရယူသွားခဲ့ပါတယ်။ ကုမ္ပဏီက အဲဒီ ဒေတာ ပေါက်ကြားမှုကို ဩဂုတ်လက တွေ့ရှိခဲ့ပြီး ဆိုက်ဘာ လုံခြုံရေး အဖွဲ့အစည်း ၁ ခုနဲ့ ပူးပေါင်းကာ စုံစမ်းစစ်ဆေးနေတယ်လို့ ပြောပါတယ်။

Samsung Data Breach Exposed Customers' Personal Information – Review Geek

ကုမ္ပဏီက မသမာသူတွေဟာ Customer တွေဆီ အီးမေးတွေ ပေးပို့ပြီး ကုမ္ပဏီက စုံစမ်းနေချိန်မှာတောင် အဲဒီလို လုပ်နေတယ်လို့ ပြောပါတယ်။ Samsung က Customer တွေဟာ တူညီတဲ့ သတင်းအချက်အလက်တွေ ပေါက်ကြားတာ မဟုတ်ဘူးလို့ ပြောပါတယ်။ The Verge က ဘယ် System ကနေ ဒေတာတွေ ပေါက်ကြားတာလဲလို့ မေးတာကို Samsung က မဖြေသေးပါဘူး။

Samsung's US customer data hacked: Here's what info was taken - journalbreak

ကုမ္ပဏီက Social Security Number နဲ့ Debit/Credit Card Number တွေ ပေါက်ကြားခြင်း မရှိဘူးလို့ ပြောပါတယ်။ ဟက်ကာတွေ ခိုးယူတဲ့ သတင်းအချက်အလက် အမျိုးအစားတွေဟာ သင် အသုံးပြုတဲ့ တခြား ဝန်ဆောင်မှုတွေမှာ Social Engineering Attack နဲ့ တိုက်ခိုက်ဖို့ အသုံးဝင်တဲ့ ဒေတာတွေ ဖြစ်ပါတယ်။ အရေးကြီးတဲ့ အကောင့်တွေမှာ Two-factor Authentication ကို သုံးထားရင် ကောင်းပါတယ်။

Samsung က လက်ရှိမှာ သင့် Samsung ထုတ်ကုန်နဲ့ အကောင့်တွေ ဘေးကင်းလုံခြုံစေဖို့ Password ပြောင်းစရာ မလိုသလို တခြား လုပ်ဆောင်ချက်တွေ လုပ်စရာ မလိုဘူးလို့ ပြောပါတယ်။ ဒါပေမယ့် ကုမ္ပဏီက သင့် အကောင့်မှာ ပုံမှန်မဟုတ်တဲ့ Activity တွေကို သတိထားဖို့ အကြံပေးထားပါတယ်။

Ref : theverge