Samsung က Galaxy S22 Series အတွက် နောက်ဆုံး Update ကို ဖြန့်ချိပေးထားတာ ၁ လတောင် မကြာသေးတဲ့အချိန်မှာပဲ အခုတော့ နောက်ထပ် Update အသစ် ၁ ခုကို ဖြန့်ချိပေးလိုက်ပါတယ်။ Snapdragon Chipset ပါတဲ့ Galaxy S22, S22+ နဲ့ S22 Ultra တို့မှာ အဲဒီ Update ကို ရရှိပြီ ဖြစ်ပြီး Samsung Exynos Chip ပါတဲ့ မော်ဒယ်တွေအတွက် မကြာခင် ရရှိနိုင်ပါတယ်။

Samsung Makes the S22 Family Official, Complete With a Galaxy Note Replacement - ExtremeTech

Update Version က S90xEXXU2AVE4 ဖြစ်ပြီး “x” ဟာ သင် ကိုင်တဲ့ ဖုန်းအပေါ်မူတည်ကာ မတူညီပါဘူး။ အရွယ်အစားက 350MB ရှိပြီး Over-the-Air ကနေ နိုင်ငံများစွာမှာ ဖြန့်ချိပေးနေပါပြီ။ Update မှာ လုံခြုံရေး ဟာကွက်တွေကို ဖာထေးထားပြီး လုပ်ဆောင်ချက်တွေ ပိုမို တည်ငြိမ်လာတယ်လို့ Changelog မှာ ဖော်ပြထားပါတယ်။

Here's a nice Galaxy S22 family portrait to make your Unpacked waiting easier - PhoneArena

Samsung ဟာ ဒီလို လလယ်လောက်မှာ Update ထုတ်ပေးတာ ရှားပါးပါတယ်။ အဲဒီအတွက် ကုမ္ပဏီဟာ တတ်နိုင်သလောက် မြန်မြန် ပြင်ဆင်ရမယ့် အမှားတွေ ရှိနေလို့သာ အခုလို Update ထုတ်ပေးတာပါ။ လာမယ့် ရက်သတ္တပတ် အနည်းငယ်အတွင်းမှာတော့ ဇွန်လအတွက် Security Patches ကို ထုတ်ပေးမှာ ဖြစ်ပါတယ်။

သင့်မှာ Snapdragon Chipset ပါတဲ့ Galaxy S22, S22+ နဲ့ S22 Ultra ရှိပြီး Update Notification ကို မရသေးရင် Settings> Software Update ထဲမှာ ဝင်ရောက် စစ်ဆေးနိုင်ပါတယ်။

Ref : gsmarena