Samsung Display က အတွင်းရော အပြင်ဘက် ၂ ခုစလုံး ခေါက်ချိုးနိုင်တဲ့ Prototype မျက်နှာပြင်နဲ့ Hinge အသစ်ကို ပြသလိုက်ပါတယ်။ “Flex In & Out” Concept ဟာ ခေါက်ရာ သိပ်မပေါ်ဘဲ Hinge ဟာ Device ကို ၃၆၀ ဒီဂရီ ခေါက်ချိုးနိုင်စေပါတယ်။

အဲဒီ Prototype ကို The Verge အား ပြသလိုက်တာ ဖြစ်ပြီး အဲဒီ မျက်နှာပြင် အသစ်နဲ့ Hinge ပါတဲ့ ထုတ်ကုန်ကို မကြာခင် စီးပွားဖြစ် ထုတ်လုပ်ရောင်းချမလားဆိုတာကို ကုမ္ပဏီက မပြောပါဘူး။

အဲဒီ မျက်နှာပြင်မှာ Hinge ဒီဇိုင်း အသစ် ထည့်သွင်းထားပြီး ခေါက်ရာဟာ အလွန်သေးငယ်တာကို မြင်ရပါတယ်။ အဲဒီ Prototype ကို Galaxy Z Fold စမတ်ဖုန်းနဲ့ ဘေးချင်းယှဉ်ပြသထားပြီး Prototype ရဲ့ အထူဟာ Galaxy Z Fold နဲ့ တူညီနေပါတယ်။ မျက်နှာပြင်ဟာ ထစ်ငေါ့မှု မရှိဘဲ သက်တောင့်သက်သာရှိစွာ ခေါက်ချိုးနိုင်တာကို မြင်ရပါတယ်။

အဲဒီလို ဒီဇိုင်းဟာ ကာဗာ မျက်နှာပြင် မလိုအပ်တဲ့ Device အသစ်တွေကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ အဲဒီအတွက် ဖုန်းကို အလွန် မထူစေဘဲ ပိုမိုကြီးမားတဲ့ ဘက်ထရီနဲ့ ကင်မရာ ဆန်ဆာတွေကို ထည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။ မကြာခင် အဲဒီ မျက်နှာပြင် ဒီဇိုင်းပါတဲ့ ထုတ်ကုန်တွေကို Samsung က ထုတ်လုပ်ရောင်းချတော့မယ်လို့ မျှော်လင့်ရပါတယ်။

Ref : gsmarena