Samsung က လျှပ်စစ်ကား ဈေးကွက်မှာ အမိုက်စား ဘက်ထရီကို ပြသလိုက်ပါတယ်။ အဲဒီ ဘက်ထရီဟာ ဘယ်လောက်ကြမ်းသလဲဆိုရင် ၉ မိနစ်ထဲ အားသွင်းတာနဲ့ မိုင် ၆၀၀ (၉၆၆ ကီလိုမီတာ) မောင်းနှင်နိုင်ပါတယ်။ တောင်ကိုရီးယား နိုင်ငံ ဆိုးလ်မှာ ကျင်းပတဲ့ SNE Battery Day 2024 Expo မှာ အဲဒီ ဘက်ထရီကို ပြသလိုက်တာပါ။

ကုမ္ပဏီက Solid-state ဘက်ထရီတွေအတွက် စတင် စမ်းသပ်နေပြီလို့ ပြောပါတယ်။ ၂၀၂၃ ခုနှစ်မှာ စတင် ထုတ်လုပ်ခဲ့ပြီး ၂၀၂၇ ခုနှစ်မှာ အများအပြားထုတ်လုပ်မယ်လို့ ပြောပါတယ်။

Samsung

အဲဒီ Samsung လျှပ်စစ်ကား ဘက်ထရီကို ၂၀၂၃ ခုနှစ်ကုန် ကတည်းက စမ်းသပ်ဖို့အတွက် လျှပ်စစ်ကား ထုတ်လုပ်သူတွေထံ ပို့ထားတာပါ။ ဘက်ထရီကို ထုတ်လုပ်တဲ့ Samsung SDI က ဝေဖန်မှုကောင်းတွေ ရထားတယ်လို့ ပြောပါတယ်။ ဘက်ထရီကို ၉ မိနစ်ထဲ အားသွင်းတာနဲ့ မိုင် ၆၀၀ မောင်းနှင်နိုင်ပြီး Samsung က ဘက်ထရီရဲ့ သက်တမ်းဟာ နှစ် ၂၀ တောင် ရှိတယ်လို့ ဆိုပါတယ်။

Flow Power partners with the City of Adelaide to provide smart electric vehicle charging stations - Flow Power

Samsung ရဲ့ Solid-state ဘက်ထရီ အသစ်ဟာ လျှပ်စစ်ကား နယ်ပယ်မှာ အသုံးများတဲ့ လစ်သီယမ် အိုင်းယွန်း ဘက်ထရီထက် ပိုမို ပေါ့ပါး၊ သေးငယ်ပြီး ဘေးကင်းလုံခြုံပါတယ်။ ထုထည်သေးတဲ့အတွက် ကားမှာ နေရာယူမှု နည်းပါးစေပါတယ်။ Samsung က အဲဒီ ဘက်ထရီကို စွမ်းရည်မြင့် တန်ဖိုးကြီး လျှပ်စစ်ကားတွေမှာပဲ ထည့်သွင်းမယ်လို့ ပြောပါတယ်။

Ref : gizmochina