Unicode

Samsung ကနေ ထုတ်လုပ်ထားတဲ့ T5 External SSD ဟာ Speed အရမြန်ဆန်တဲ့အပြင် Data ပိုင်းလုံခြုံဖို့အတွက်လည်း စိတ်ချရတဲ့အတွက် လူကြိုက်များတဲ့ External SSD တစ်ခုဆိုရင်လည်းမမှားပါဘူး။ အခုလည်း Samsung ကနေ ပိုကောင်းတဲ့ T7 Touch External SSD ကို CES 2020 Event မှာ တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။

ဒီ Samsung T7 Touch External SSD ရဲ့ အထူးခြားဆုံး Feature ကတော့ Security ပိုင်းကို မတရားပိုပြီးကောင်းလာစေမယ့် Fingerprint Sensor ကို SSD မှာထည့်သွင်းပေးထားတာဖြစ်ပါတယ်။ ဒီလိုမျိုး Fingerprint Sensor ပါဝင်လာပေမယ့်လည်း အရွယ်အစားက T5 နဲ့ယှဥ်ရင် သိသိသာသာမကြီးလာဘူးလို့တောင် ပြောလို့ရပါတယ်။

ဘာပဲဖြစ်ဖြစ် အခုလိုမျိုး Samsung T7 Touch External SSD မှာ Fingerprint Sensor ပါဝင်လာတာက Data ခိုးယူခံရမှုတွေကို ပိုပြီး ကာကွယ်လာနိုင်သလို Fingerprint ကိုလည်း လက် ၄ ချောင်းအထိ Register ပြုလုပ်ထားနိုင်တယ်လို့ သိရပါတယ်။ Fingerprint Sensor အတွက် LED မီးပါဝင်မယ့်အပြင် Plugged In ပြုလုပ်ထားပြီး File Transfer ပြုလုပ်နေတဲ့အချိန်မှာလည်း Indicator Light ထည့်သွင်းထားမှာဖြစ်ပါတယ်။

Samsung ရဲ့ ပြောကြားချက်အရတော့ T7 Touch External SSD ကို Aluminum Chassis နဲ့ ပြုလုပ်ထားတဲ့အတွက် အမြင့် ၂ မီတာကနေ ပြုတ်ကျမှုတွေကိုလည်း ခံနိုင်ရည်ရှိမှာဖြစ်ပါတယ်။ Single USB-C Port ပဲ ပါဝင်မှာဖြစ်ပြီး ချိတ်ဆက်မှုတွေကို USB-C to USB-C သို့မဟုတ် USB-C to USB-A Cable တွေကို အသုံးပြုရမှာဖြစ်ပါတယ်။

Samsung ဟာ ဒီ T7 Touch External SSD မှာ Fingerprint Sensor အပြင် Speed ကိုပါ ပိုတိုးမြှင့်ပေးခဲ့ပြီး Write Speed 1,000MB/s နဲ့ Read Speed 1,050MB/s အထိရရှိလာမှာဖြစ်ပါတယ်။ ဒီအမြန်နှုန်းဟာ ပြီးခဲ့တဲ့ T5 SSD နဲ့ ယှဥ်ရင် ၂ ဆ လောက်ပိုပြီး မြန်ဆန်လာတာပါ။

စျေးနှုန်းအနေနဲ့တော့ 500GB Model ကို $129.99 (မြန်မာငွေ ၁ သိန်း ၉ သောင်းဝန်းကျင်) ၊ 1TB Model ကို $229.99 (မြန်မာငွေ ၃ သိန်း ၃ သောင်းဝန်းကျင်) နဲ့ 2TB Model ကိုတော့ $399.99 (မြန်မာငွေ ၅ သိန်း ၈ သောင်းဝန်းကျင်) ကျသင့်မှာဖြစ်ပါတယ်။ Fingerprint Sensor မပါတဲ့ ပုံမှန် T7 SSD ကိုလည်း လာမယ့် ၂၀၂၀ ဒုတိယ ၃ လပတ်အတွင်းမှာ ရောင်းချသွားမယ်လို့ သိရပါတယ်။

Ref – The Verge

Zawgyi

Samsung ကေန ထုတ္လုပ္ထားတဲ့ T5 External SSD ဟာ Speed အရျမန္ဆန္တဲ့အျပင္ Data ပိုင္းလုံၿခဳံဖို႔အတြက္လည္း စိတ္ခ်ရတဲ့အတြက္ လူႀကိဳက္မ်ားတဲ့ External SSD တစ္ခုဆိုရင္လည္းမမွားပါဘူး။ အခုလည္း Samsung ကေန ပိုေကာင္းတဲ့ T7 Touch External SSD ကို CES 2020 Event မွာ တရားဝင္မိတ္ဆက္လိုက္ၿပီျဖစ္ပါတယ္။

ဒီ Samsung T7 Touch External SSD ရဲ႕ အထူးျခားဆုံး Feature ကေတာ့ Security ပိုင္းကို မတရားပိုၿပီးေကာင္းလာေစမယ့္ Fingerprint Sensor ကို SSD မွာထည့္သြင္းေပးထားတာျဖစ္ပါတယ္။ ဒီလိုမ်ိဳး Fingerprint Sensor ပါဝင္လာေပမယ့္လည္း အ႐ြယ္အစားက T5 နဲ႔ယွဥ္ရင္ သိသိသာသာမႀကီးလာဘူးလို႔ေတာင္ ေျပာလို႔ရပါတယ္။

ဘာပဲျဖစ္ျဖစ္ အခုလိုမ်ိဳး Samsung T7 Touch External SSD မွာ Fingerprint Sensor ပါဝင္လာတာက Data ခိုးယူခံရမႈေတြကို ပိုၿပီး ကာကြယ္လာႏိုင္သလို Fingerprint ကိုလည္း လက္ ၄ ေခ်ာင္းအထိ Register ျပဳလုပ္ထားႏိုင္တယ္လို႔ သိရပါတယ္။ Fingerprint Sensor အတြက္ LED မီးပါဝင္မယ့္အျပင္ Plugged In ျပဳလုပ္ထားၿပီး File Transfer ျပဳလုပ္ေနတဲ့အခ်ိန္မွာလည္း Indicator Light ထည့္သြင္းထားမွာျဖစ္ပါတယ္။

Samsung ရဲ႕ ေျပာၾကားခ်က္အရေတာ့ T7 Touch External SSD ကို Aluminum Chassis နဲ႔ ျပဳလုပ္ထားတဲ့အတြက္ အျမင့္ ၂ မီတာကေန ျပဳတ္က်မႈေတြကိုလည္း ခံႏိုင္ရည္ရွိမွာျဖစ္ပါတယ္။ Single USB-C Port ပဲ ပါဝင္မွာျဖစ္ၿပီး ခ်ိတ္ဆက္မႈေတြကို USB-C to USB-C သို႔မဟုတ္ USB-C to USB-A Cable ေတြကို အသုံးျပဳရမွာျဖစ္ပါတယ္။

Samsung ဟာ ဒီ T7 Touch External SSD မွာ Fingerprint Sensor အျပင္ Speed ကိုပါ ပိုတိုးျမႇင့္ေပးခဲ့ၿပီး Write Speed 1,000MB/s နဲ႔ Read Speed 1,050MB/s အထိရရွိလာမွာျဖစ္ပါတယ္။ ဒီအျမန္ႏႈန္းဟာ ၿပီးခဲ့တဲ့ T5 SSD နဲ႔ ယွဥ္ရင္ ၂ ဆ ေလာက္ပိုၿပီး ျမန္ဆန္လာတာပါ။

ေစ်းႏႈန္းအေနနဲ႔ေတာ့ 500GB Model ကို $129.99 (ျမန္မာေငြ ၁ သိန္း ၉ ေသာင္းဝန္းက်င္) ၊ 1TB Model ကို $229.99 (ျမန္မာေငြ ၃ သိန္း ၃ ေသာင္းဝန္းက်င္) နဲ႔ 2TB Model ကိုေတာ့ $399.99 (ျမန္မာေငြ ၅ သိန္း ၈ ေသာင္းဝန္းက်င္) က်သင့္မွာျဖစ္ပါတယ္။ Fingerprint Sensor မပါတဲ့ ပုံမွန္ T7 SSD ကိုလည္း လာမယ့္ ၂၀၂၀ ဒုတိယ ၃ လပတ္အတြင္းမွာ ေရာင္းခ်သြားမယ္လို႔ သိရပါတယ္။

Ref – The Verge