Samsung ကနေ Flagship စမတ်ဖုန်းတွေအတွက် Android 11 ကို အခြေခံတဲ့ OneUI 3.0 Beta ကို ထုတ်ပေးထားပြီးဖြစ်ပါတယ်။ OneUI 3.0 Stable Update ကို မထုတ်ပေးရသေးပေမယ့် အခုချိန်မှာတော့ OneUI 3.0 ရဲ့ အသစ်ပါဝင်လာတဲ့ Feature တွေကို ကြေညာလိုက်ပါပြီ။

ပုံမှန်အားဖြင့် Samsung ဟာ Software Update အသစ်တွေကို နှစ်ကုန်ပိုင်းမှာ ပြုလုပ်နေကျ Samsung Developer Conference (SDC) မှာ မိတ်ဆက်နေကျ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ယခုနှစ်မှာတော့ COVID-19 ဗိုင်းရပ်စ်အခြေအနေကြောင့် မပြုလုပ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

Samsung အနေနဲ့ OneUI 3.0 ရဲ့ Feature တွေကို Website မှာ ဖော်ပြထားခဲ့ပေမယ့် ဘယ် Device တွေမှာ ရရှိမလဲဆိုတာနဲ့ ဘယ်အချိန်မှာ Stable Update ရရှိလာမလဲဆိုတာကိုတော့ ဖော်ပြခဲ့ခြင်းမရှိပါဘူး။ ဖြစ်နိုင်တာကတော့ လာမယ့်နှစ်ကုန်ပိုင်း သို့မဟုတ် ၂၀၂၁ ခုနှစ်အစောပိုင်း Galaxy S21 Series ဖုန်းတွေထွက်ရှိတဲ့အချိန်မှပဲ တရားဝင်ထွက်ရှိလာနိုင်ပါတယ်။

OneUI 3.0 Update ဟာ Media Playback ပိုင်း၊ Foldable ဖုန်းတွေအတွက် UI ပြောင်းလဲမှုတွေအပြင် System App တွေကိုလည်း UI Design ပိုင်း ပြောင်းလဲထားမယ်လို့ သိရပါတယ်။ Dynamic Wallpaper တွေကိုလည်း အများဆုံး ၅ ခုကနေ ၁၀ ခုအထိ တိုးမြှင့်ပေးထားပါသေးတယ်။

ဘာပဲဖြစ်ဖြစ် Samsung အနေနဲ့ လာမယ့်ရက်ပိုင်းမှာ ဒီ OneUI 3.0 နဲ့ ပတ်သက်ပြီး အသေးစိတ်ဖော်ပြသွားမယ်လို့ ယူဆရပါတယ်။

Ref – Gizmo China