ပြီးခဲ့တဲ့နှစ်အနည်းငယ်ကစတင်ပြီးတော့ နည်းပညာကုမ္ပဏီကြီးတွေက သူတို့ရဲ့ ထုတ်ကုန်တွေကို ထုတ်လုပ်ပေးတဲ့စက်ရုံတွေကို တရုတ်နိုင်ငံကနေ ပြင်ပနိုင်ငံတွေကို တဖြည်းဖြည်း ပြောင်းရွေ့နေကြပါတယ်။ ဒါကတော့ အခွန်အခပေးဆောင်တာကိုလျေ့ာချဖို့နဲ့ COVID-19 ဗိုင်းရပ်စ်ဖြစ်ပွားအပြီးမှာ ပိုပြီး ရွေ့ပြောင်းမှုတွေများပြားလာခဲ့ပါတယ်။

အဆိုပါ နည်းပညာကုမ္ပဏီကြီးတွေမှာမှ Samsung ဟာ တရုတ်နို်ငံတွင်းမှာ စက်ရုံတွေထားရှိတာအနည်းဆုံးလို့တောင် ပြောလို့ရပြီးတော့ အခုလည်း တရုတ်နိုင်ငံမှာရှိနေတဲ့ ကွန်ပျူတာတွေအတွက် Monitor Display ထုတ်လုပ်မှုတွေကို တရုတ်နိုင်ငံကနေ ဗီယက်နမ်နိုင်ငံကို ပြောင်းရွေ့သွားမယ်ဆိုပြီး ကြေညာလိုက်ပါတယ်။

အခုသတင်းကို Samsung Electronics Vietnam ကနေ ကြေညာခဲ့တာဖြစ်ပြီးတော့ Samsung Display ဟာ လက်ရှိ တရုတ်နိုင်ငံမှာရှိတဲ့ Monitor ထုတ်လုပ်တဲ့စက်ရုံတွေကို လက်ရှိဗီယက်နမ်မှာရှိနေတဲ့ Samsung HCMC CE Complex (SEHC) စက်ရုံကို ရွေ့ပြောင်းထုတ်လုပ်သွားမှာဖြစ်တယ်လို့သိပါတယ်။

Samsung ဟာ လက်ရှိအချိန်မှာ ဗီယက်နမ်နိုင်ငံအတွင်းမှာ စုစုပေါင်း ဒေါ်လာ ၁၇ ဘီလီယံခန့် ရင်းနှီးမြုပ်နှံထားပြီဖြစ်ပြီး နိုင်ငံတွင်းပြင်ပရင်းနှီးမြုပ်နှံသူတွေထဲမှာ အကြီးမားဆုံးလည်းဖြစ်ပါတယ်။ အခုလည်း ဗီယက်နမ်ကို ရွေ့ပြောင်းလိုက်မယ့် Monitor စက်ရုံတွေဟာ ကမ္ဘာ့အကြီးမားဆုံး Samsung Monitor Supplier လည်းဖြစ်လာဦးမှာပါ။

Samsung ဟာ ယခု Monitor ထုတ်လုပ်မှုစက်ရုံတွေရွေ့ပြောင်းမှုကို လာမယ့် ၂၀၂၀ နှစ်ကုန်မှာ အပြီးသတ်ဆောင်ရွက်သွားဖို့ ခန့်မှန်းထားပြီးတော့ အဲ့ဒီနောက်ပိုင်းမှာ Monitor ပုံစံအသစ်တွေကိုပါ တွေ့မြင်ရလာနိုင်ပါတယ်။

Ref – Gizmo China