Samsung Galaxy Z Fold5 နဲ့ Galaxy Z Flip5 ကို ၂၀၂၃ ခုနှစ် ကွာတား ၃ ဖြစ်တဲ့ ဇူလိုင်လကနေ စက်တင်ဘာလအတွင်း ကြေညာမယ်လို့ ထင်ပါတယ်။ အခုတော့ TheElec က အဲဒီ စမတ်ဖုန်းတွေမှာ LG Energy Solution ထံက Battery တွေကို အသုံးပြုထားမယ်လို့ ပြောပါတယ်။ Samsung ဟာ ပြီးခဲ့တဲ့ ၃ နှစ်အတွင်း ကုမ္ပဏီရဲ့ Foldables တွေအတွက် LG Energy Solution ထံက Battery တွေကို ဝယ်ယူခဲ့တဲ့အတွက် အခု သတင်းဟာ သိပ်မထူးဆန်းပါဘူး။
LG Energy Solution အပြင် Samsung ဟာ ၂၀၂၃ ခုနှစ်ထုတ် Foldables တွေအတွက် Samsung SDI နဲ့ တရုတ်ရဲ့ Amperex Technology Limited (ATL) က Battery တွေကိုလည်း အသုံးပြုမှာ ဖြစ်ပါတယ်။ အဲဒီအတွက် Battery ပြတ်လပ်မှုကြောင့် စမတ်ဖုန်းတွေ ထုတ်လုပ်မှု နှောင့်နှေးတဲ့ ပြဿနာတွေကို ဖြေရှင်းပေးမှာဖြစ်ပါတယ်။
TheElec က Battery ၁ လုံးရဲ့ ကုန်ကျစားရိတ်ဟာ ၁၀ ဒေါ်လာ ကနေ ၁၅ ဒေါ်လာအတွင်း ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ Galaxy Z Fold5 နဲ့ Galaxy Z Flip5 တို့ရဲ့ Folding ဒီဇိုင်းကြောင့် Battery ၂ လုံးကို အသုံးပြုထားမှာ ဖြစ်တဲ့အတွက် စမတ်ဖုန်း ၁ လုံးရဲ့ Battery အတွက် စုစုပေါင်း ကုန်ကျစားရိတ်ဟာ ဒေါ်လာ ၃၀ အထိ ရှိနိုင်ပါတယ်။
Ref : gsmarena