Samsung က 200MP ဆန်ဆာ ဖြစ်တဲ့ ISOCELL HPX ကို ကြေညာလိုက်ပြီး ဇွန်လက ISOCELL HP3 200MP ဆန်ဆာကို မိတ်ဆက်ခဲ့ဖူးပါတယ်။ ISOCELL HPX မှာ 0.56 Micron Pixel အရွယ်အစား ပါလာတဲ့အတွက် ကင်မရာ Module ဧရိယာဟာ ၂၀ ရာခိုင်နှုန်း လျော့ကျသွားပါတယ်။ အဲဒီအတွက် ပါးလွှာ သေးငယ်တဲ့ စမတ်ဖုန်းတွေ ထုတ်လုပ်နိုင်မှာပါ။

ISOCELL HPX မှာ Samsung ရဲ့ Advanced DTI (Deep Trench Isolation) နည်းပညာကို သုံးထားတဲ့အတွက် ကြည်လင်ပြတ်သားတဲ့ ဓါတ်ပုံတွေဖမ်းယူဖို့ အာရုံခံ  စွမ်းရည် ပိုကောင်းလာပါတယ်။ ISOCELL မှာ Super QPD Autofocus Solution ပါတဲ့အတွက် အလွန် တိကျ လျှင်မြန်တဲ့ Autofocus ကို ပံ့ပိုးပေးပါတယ်။

ဒါ့အပြင် ဆန်ဆာ အသစ်မှာ Tetra Pixel (16 Pixels in One) နည်းပညာ ပါတဲ့အတွက် Low Light မှာ ဓါတ်ပုံကောင်းတွေ ရိုက်ကူးနိုင်ပါတယ်။ HPX ဟာ ရရှိတဲ့ အလင်းရောင်ကို အခြေခံကာ မတူညီတဲ့ Lighting Mode ၃ ခုကို အလိုလို ပြောင်းပေးနိုင်ပါတယ်။

Samsung က အလင်းရောင် အနည်းငယ်ပဲ ရရင်တောင် Dynamic Performance က ပြတ်သားတဲ့ ဓါတ်ပုံတွေကို ဖမ်းယူပေးနိုင်တယ်လို့ ပြောပါတယ်။

ISOCELL HPX ဟာ 30fps 8K Video တွေ ရိုက်ကူးနိုင်ပြီး 4K နဲ့ FHD Mode နဲ့ Dual HDR Video ရိုက်ကူးနိုင်ပါတယ်။ HDR က ရိုက်ကူးတဲ့ ပတ်ဝန်းကျင် အခြေအနေ အပေါ် မူတည်ကာ Low, Medium , High စတဲ့ မတူညီတဲ့ Exposure ၃ ခုကို ဖမ်းယူပေးပြီး Exposure ဓါတ်ပုံ ၃ ခုကို ပေါင်းစပ်ကာ အကောင်းဆုံး HDR ဓါတ်ပုံနဲ့ Video တွေကို ဖန်တီးပေးပါတယ်။

Samsung က ဆန်ဆာ အသစ်ကို ရောင်းချမယ့် အချိန်ကို မပြောသေးပါဘူး။

Ref : gizmochina