နှစ်တိုင်း Samsung က Z Fold ရဲ့ Fancy Version တွေကို တရုတ်မှာ ရောင်းချလေ့ရှိပြီး အရင်နှစ်က Samsung W22 ကို မိတ်ဆက်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ ပထမဆုံး အကြိမ် အနေနဲ့ Z Flip ကို အခြေခံထားတဲ့ W Flip မော်ဒယ်ကို ကြေညာလိုက်ပါတယ်။

Samsung W23 (a more premium incarnation of the Galaxy Z Fold4 for China Telecom)

Samsung W23 ရဲ့ ဟာ့ဒ်ဝဲတွေဟာ Galaxy Z Fold4 နဲ့ တူညီပေမယ့် ပရီမီယမ်ဖုန်း  ဖြစ်တဲ့အတွက် 16GB RAM နဲ့ 512GB Storage ထည့်သွင်းထားပါတယ်။ Fold မှာ အများဆုံး 12GB RAM ပဲ ပါလာပါတယ်။

Samsung W23 (a more premium incarnation of the Galaxy Z Fold4 for China Telecom)

W23 မှာ အပြင်ဘက် ဒီဇိုင်းကို ဆန်းသစ်ထားပြီး အနက်နဲ့ ရွှေရောင် ပေါင်းစပ်ထားပါတယ်။ အနောက်ဘက် Panel ဟာ အနက်ရောင် Ceramic ဖြစ်ပြီး အလူမီနီယမ် Hinge မှာ ဒီဇိုင်းတွေနဲ့ အလှဆင်ထားပါတယ်။ S Pen ကိုလည်း ဖုန်းနဲ့ လိုက်ဖက်အောင် အနက်နဲ့ ရွှေရောင် ထုတ်လုပ်ထားပါတယ်။ ဖုန်းမှာ Custom Theme တွေ ထည့်သွင်းထားပါတယ်။ W23 ကို တရုတ်က ကုမ္ပဏီရဲ့ အွန်လိုင်း စတိုးမှာ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး ၂,၂၀၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Samsung W23 Flip (a more premium incarnation of the Galaxy Z Flip4 for China Telecom)

Samsung W23 Flip ရဲ့ ဟာ့ဒ်ဝဲ အများစုက Galaxy Z Flip4 နဲ့ တူညီပေမယ့် W Series ရဲ့ စတိုင်တွေ ထည့်သွင်းထားပါတယ်။ W23 Flip မှာ Z Flip ရဲ့ 8GB RAM ထက် ပိုများတဲ့ 12GB RAM ပါလာပြီး Storage က 512GB ဖြစ်ပါတယ်။

Samsung W23 Flip (a more premium incarnation of the Galaxy Z Flip4 for China Telecom)

Hinge မှာ ဒီဇိုင်းတွေနဲ့ အလှဆင်ထားပြီး အနောက်ဘက်မှာ Ceramic အစား ဈေးသက်သာတဲ့ ဖန်နဲ့ ဖုံးအုပ်ထားပါတယ်။ ဒေါ်လာ ၁,၃၈၀ သတ်မှတ်ထားပြီး Samsung W23 နဲ့ W23 Flip ကို ဒီလ ၂၈ ရက်နေ့ တရုတ်မှာ ရောင်းမှာပါ။

Ref : gsmarena