Unicode

Samsung ကနေ လာမယ့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ တရားဝင်မိတ်ဆက်သွားမယ့် Galaxy S20 Series စမတ်ဖုန်းတွေဟာ အခုအချိန်မှာ အကုန်လုံးနီးပါးကို သတင်းတွေပေါက်ကြားနေပြီးဖြစ်ပါတယ်။ အခုလည်း Galaxy S20 ဖုန်းတွေရဲ့ Pre-order နဲ့သက်ဆိုင်တဲ့ နောက်ထပ်သတင်းတစ်ခုက ပေါက်ကြားလာပြန်ပါပြီ။

ဒါကတော့ Samsung ကနေ ထုတ်သွားမယ့် S20 Series ဖုန်းတွေထဲက အမြင့်ပိုင်းဖြစ်တဲ့ Galaxy S20+ နဲ့ Galaxy S20 Ultra ဖုန်းတွေကို Pre-order မှာယူမယ်ဆိုရင် Galaxy Buds+ Wireless Earbuds အသစ်ကို လက်ဆောင်ရရှိသွားမှာဖြစ်ပါတယ်။

ဒီသတင်းကိုတော့ Leakster တစ်ဦးဖြစ်တဲ့ Evan Blass ကနေ Promotional ဓါတ်ပုံတစ်ပုံနဲ့ ဖော်ပြသွားခဲ့တာဖြစ်ပြီးတော့ အဆိုပါ ဓါတ်ပုံမှာ Space Gray Galaxy S20 Ultra ရဲ့ ဓါတ်ပုံနဲ့ Ocean Blue Galaxy S20+ ဖုန်းတွေရဲ့ နောက်ကျောဘက်ပုံကိုပါ အတည်ပြုသွားခဲ့တာဖြစ်ပါတယ်။

Samsung Galaxy S20 Ultra ဖုန်းမှာဆိုရင် 100x Space Zoom Feature ပါဝင်လာမှာဖြစ်သလို S20 Series တွေထဲမှာ 108MP Primary Sensor ပါဝင်တဲ့ တစ်လုံးထဲသောစမတ်ဖုန်းလည်းဖြစ်လာမှာပါ။ စျေးနှုန်းအနေနဲ့လည်း ဒီ Galaxy S20 Ultra 5G စမတ်ဖုန်းဟာဆိုရင် ဒေါ်လာ ၁,၃၄၉ ဝန်းကျင်ကနေ စတင်နိုင်တယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီ Galaxy S20+ နဲ့ S20 Ultra ဖုန်းတွေကို Pre-order မှာယူရင် Galaxy Buds+ ကို လက်ဆောင်ရရှိမယ်ဆိုတာက နိုင်ငံပေါ်မှုတည်ပြီး ကွဲလွဲနိုင်ပါတယ်။

Ref – XDA Developers

Zawgyi

Samsung ကေန လာမယ့္ ေဖေဖာ္ဝါရီလ ၁၁ ရက္ေန႔မွာ တရားဝင္မိတ္ဆက္သြားမယ့္ Galaxy S20 Series စမတ္ဖုန္းေတြဟာ အခုအခ်ိန္မွာ အကုန္လုံးနီးပါးကို သတင္းေတြေပါက္ၾကားေနၿပီးျဖစ္ပါတယ္။ အခုလည္း Galaxy S20 ဖုန္းေတြရဲ႕ Pre-order နဲ႔သက္ဆိုင္တဲ့ ေနာက္ထပ္သတင္းတစ္ခုက ေပါက္ၾကားလာျပန္ပါၿပီ။

ဒါကေတာ့ Samsung ကေန ထုတ္သြားမယ့္ S20 Series ဖုန္းေတြထဲက အျမင့္ပိုင္းျဖစ္တဲ Galaxy S20+ နဲ႔ Galaxy S20 Ultra ဖုန္းေတြကို Pre-order မွာယူမယ္ဆိုရင္ Galaxy Buds+ Wireless Earbuds အသစ္ကို လက္ေဆာင္ရရွိသြားမွာျဖစ္ပါတယ္။

ဒီသတင္းကိုေတာ့ Leakster တစ္ဦးျဖစ္တဲ့ Evan Blass ကေန Promotional ဓါတ္ပုံတစ္ပုံနဲ႔ ေဖာ္ျပသြားခဲ့တာျဖစ္ၿပီးေတာ့ အဆိုပါ ဓါတ္ပုံမွာ Space Gray Galaxy S20 Ultra ရဲ႕ ဓါတ္ပုံနဲ႔ Ocean Blue Galaxy S20+ ဖုန္းေတြရဲ႕ ေနာက္ေက်ာဘက္ပုံကိုပါ အတည္ျပဳသြားခဲ့တာျဖစ္ပါတယ္။

Samsung Galaxy S20 Ultra ဖုန္းမွာဆိုရင္ 100x Space Zoom Feature ပါဝင္လာမွာျဖစ္သလို S20 Series ေတြထဲမွာ 108MP Primary Sensor ပါဝင္တဲ့ တစ္လုံးထဲေသာစမတ္ဖုန္းလည္းျဖစ္လာမွာပါ။ ေစ်းႏႈန္းအေနနဲ႔လည္း ဒီ Galaxy S20 Ultra 5G စမတ္ဖုန္းဟာဆိုရင္ ေဒၚလာ ၁,၃၄၉ ဝန္းက်င္ကေန စတင္ႏိုင္တယ္လို႔ သိရပါတယ္။

ဘာပဲျဖစ္ျဖစ္ ဒီ Galaxy S20+ နဲ႔ S20 Ultra ဖုန္းေတြကို Pre-order မွာယူရင္ Galaxy Buds+ ကို လက္ေဆာင္ရရွိမယ္ဆိုတာက ႏိုင္ငံေပၚမႈတည္ၿပီး ကြဲလြဲႏိုင္ပါတယ္။

Ref – XDA Developers