Unicode

Apple ကနေ သူ့ရဲ့ iOS Device တွေအပြင် macOS ကွန်ပျူတာတွေနဲ့ပါ အချင်းချင်း File Transfer ပြုလုပ်နိုင်တဲ့ AirDrop Feature ဟာ လက်ရှိ Apple Device အသုံးပြုသူတွေအတွက် အသုံးအဝင်ဆုံး Feature တစ်ခုလို့တောင် ပြောလို့ရပါတယ်။

လက်ရှိအချိန်မှာ Google ကလည်း Android 11 မှာ အလားတူ Nearby Sharing ဆိုပြီး AirDrop နဲ့ ပုံစံတူ File Transfer Feature အသစ်ကို ဆောင်ရွက်နေသလို OPPO ၊ Vivo နဲ့ Xiaomi တို့ကလည်း သီးသန့် File Transfer စနစ်တစ်ခုကို ဆောင်ရွက်နေပြီးဖြစ်ပါတယ်။ ဒီလိုမျိုး File Transfer အသစ်တွေထဲကို Samsung ကလည်း ပါဝင်လာတော့မှာပါ။

Samsung ကနေ ထည့်သွင်းလာမယ့် File Transfer Feature ကိုတော့ Quick Share လို့ နာမည်ပေးထားပြီးတော့ XDA Developers ကနေ ရှာဖွေတွေ့ရှိခဲ့တာလည်းဖြစ်ပါတယ်။ ဒီ Feature ကိုတော့ OneUI 2.1 မှာထည့်သွင်းထားတာဖြစ်ပြီး မကြာခင် မိတ်ဆက်လာတော့မယ့် Galaxy S20 Series ဖုန်းတွေမှာ ဦးဆုံးပါဝင်လာမှာဖြစ်ပါတယ်။

အခု Quick Share Feature ဟာဆိုရင် လက်ရှိ AirDrop နဲ့ Google ရဲ့ Nearby Sharing လိုမျိုး Feature တွေနဲ့တူညီပြီးတော့ ဒီ Quick Share Feature ပါဝင်တဲ့ Samsung Device ၂ ဖက်လုံးက Discoverability ကို Enable ပြုလုပ်ထားရမှာဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ ကိုယ် ပေးပို့ချင်တဲ့ File နဲ့ Receiver ကို ရွေးချယ်လိုက်ရုံနဲ့ Transfer ပြုလုပ်နိုင်မှာပါ။

ဒီ Samsung ရဲ့ Quick Share Feature ဟာ ထူးခြားချက်အနေနဲ့ စမတ်ဖုန်းအချင်းချင်းတင်မဟုတ်ဘဲ Samsung ရဲ့ Smart TV သို့မဟုတ် Smart Fridge တွေဆီကိုပါ ဓါတ်ပုံတွေ၊ Video File တွေ ပေးပို့နိုင်ဦးမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အားနည်းချက်တစ်ခုက တစ်ကြိမ်ကို အများဆုံး 1GB အထိပဲ ပေးပို့နိုင်ပြီးတော့ တစ်ရက်ကို 2GB အထိပဲ ပေးပို့နိုင်မှာလည်းဖြစ်ပါတယ်။

Samsung အနေနဲ့ ဒီလိုမျိုး File Transfer Feature အသစ်ကို ဆောင်ရွက်နေတာက ကောင်းတဲ့အချက်ပေမယ့် OneUI 2.1 မှာပဲ ထည့်သွင်းလာမှာဖြစ်တဲ့အတွက် Galaxy S20 Series မဟုတ်တဲ့ တခြားသော Samsung Galaxy ဖုန်းတွေမှာ အသုံးပြုနိုင်ဖို့ကတော့ ဆက်လက်စောင့်ဆိုင်းရဖွယ်ရှိနေပါတယ်။

Ref – Phone Arena

Zawgyi

Apple ကေန သူ႔ရဲ႕ iOS Device ေတြအျပင္ macOS ကြန္ပ်ဴတာေတြနဲ႔ပါ အခ်င္းခ်င္း File Transfer ျပဳလုပ္ႏိုင္တဲ့ AirDrop Feature ဟာ လက္ရွိ Apple Device အသုံးျပဳသူေတြအတြက္ အသုံးအဝင္ဆုံး Feature တစ္ခုလို႔ေတာင္ ေျပာလို႔ရပါတယ္။

လက္ရွိအခ်ိန္မွာ Google ကလည္း Android 11 မွာ အလားတူ Nearby Sharing ဆိုၿပီး AirDrop နဲ႔ ပုံစံတူ File Transfer Feature အသစ္ကို ေဆာင္႐ြက္ေနသလို OPPO ၊ Vivo နဲ႔ Xiaomi တို႔ကလည္း သီးသန္႔ File Transfer စနစ္တစ္ခုကို ေဆာင္႐ြက္ေနၿပီးျဖစ္ပါတယ္။ ဒီလိုမ်ိဳး File Transfer အသစ္ေတြထဲကို Samsung ကလည္း ပါဝင္လာေတာ့မွာပါ။

Samsung ကေန ထည့္သြင္းလာမယ့္ File Transfer Feature ကိုေတာ့ Quick Share လို႔ နာမည္ေပးထားၿပီးေတာ့ XDA Developers ကေန ရွာေဖြေတြ႕ရွိခဲ့တာလည္းျဖစ္ပါတယ္။ ဒီ Feature ကိုေတာ့ OneUI 2.1 မွာထည့္သြင္းထားတာျဖစ္ၿပီး မၾကာခင္ မိတ္ဆက္လာေတာ့မယ့္ Galaxy S20 Series ဖုန္းေတြမွာ ဦးဆုံးပါဝင္လာမွာျဖစ္ပါတယ္။

အခု Quick Share Feature ဟာဆိုရင္ လက္ရွိ AirDrop နဲ႔ Google ရဲ႕ Nearby Sharing လိုမ်ိဳး Feature ေတြနဲ႔တူညီၿပီးေတာ့ ဒီ Quick Share Feature ပါဝင္တဲ့ Samsung Device ၂ ဖက္လုံးက Discoverability ကို Enable ျပဳလုပ္ထားရမွာျဖစ္ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ ကိုယ္ ေပးပို႔ခ်င္တဲ့ File နဲ႔ Receiver ကို ေ႐ြးခ်ယ္လိုက္႐ုံနဲ႔ Transfer ျပဳလုပ္ႏိုင္မွာပါ။

ဒီ Samsung ရဲ႕ Quick Share Feature ဟာ ထူးျခားခ်က္အေနနဲ႔ စမတ္ဖုန္းအခ်င္းခ်င္းတင္မဟုတ္ဘဲ Samsung ရဲ႕ Smart TV သို႔မဟုတ္ Smart Fridge ေတြဆီကိုပါ ဓါတ္ပုံေတြ၊ Video File ေတြ ေပးပို႔ႏိုင္ဦးမွာျဖစ္ပါတယ္။ ဒါေပမယ့္လည္း အားနည္းခ်က္တစ္ခုက တစ္ႀကိမ္ကို အမ်ားဆုံး 1GB အထိပဲ ေပးပို႔ႏိုင္ၿပီးေတာ့ တစ္ရက္ကို 2GB အထိပဲ ေပးပို႔ႏိုင္မွာလည္းျဖစ္ပါတယ္။

Samsung အေနနဲ႔ ဒီလိုမ်ိဳး File Transfer Feature အသစ္ကို ေဆာင္႐ြက္ေနတာက ေကာင္းတဲ့အခ်က္ေပမယ့္ OneUI 2.1 မွာပဲ ထည့္သြင္းလာမွာျဖစ္တဲ့အတြက္ Galaxy S20 Series မဟုတ္တဲ့ တျခားေသာ Samsung Galaxy ဖုန္းေတြမွာ အသုံးျပဳႏိုင္ဖို႔ကေတာ့ ဆက္လက္ေစာင့္ဆိုင္းရဖြယ္ရွိေနပါတယ္။

Ref – Phone Arena