တစ်ကမ္ဘာလုံးမှာ 5G နက်ဝပ်တွေ တိုးချဲ့လာတာနဲ့အမျှ စမတ်ဖုန်းထုတ်လုပ်သူတွေကလည်း ပိုပိုပြီး စျေးသက်သာတဲ့ 5G ဟန်းဆက်တွေကို ထုတ်လုပ်လာကြပါပြီ။ မနှစ်က 5G ချိတ်ဆက်နိုင်စွမ်းဟာ Flagship မော်ဒယ်တွေမှာသာ ပါဝင်ခဲ့ပေမယ့် ၂၀၂၀ မှာတော့ Mid-range စမတ်ဖုန်းတွေပေါ်မှာပါ ရရှိနိုင်လာခဲ့ပါပြီ။

အခုနှစ်ကုန် ဒါမှမဟုတ် ၂၀၂၁ အတွင်းမှာတော့ 5G ဘတ်ဂျက် စမတ်ဖုန်းတွေကို မြင်တွေ့ရမယ်လို့ မျှော်လင့်ထားပါတယ်။ အဲဒီထဲက တစ်ခုကတော့ လက်ရှိ ထုတ်လုပ်နေဖို့ ကြိုးစားနေကြောင်း သတင်းထွက်လာတဲ့ Samsung Galaxy A32 5G ပဲ ဖြစ်မှာပါ။

Galaxy A32 5G သတင်းဟာ GalaxyClub ကနေ စတင် ထွက်ပေါ်လာခဲ့ပြီး အဆိုပါ ရင်းမြစ်မှာ သူ့ရဲ့ မျိုးဆက်ဟောင်း Galaxy A31 လိုပဲ 48MP အဓိက ကင်မရာကို ဆက်ယူဆောင်လာမယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့် အရင်မျိုးဆက်လို 5MP အစား 2MP Depth Sensor နဲ့ပဲ ဝန်းရံထားမယ်လို့ ဆိုပါတယ်။

ဒီဖုန်းဟာ မော်ဒယ်နံပါတ် SM-A326 နဲ့ ထွက်ရှိလာနိုင်ပြီး Galaxy A32 အမည်ကို ကြားရတာဟာ အခု ပထမဆုံး အကြိမ် မဟုတ်ပါဘူး။ အခုနှစ်စမှာ Samsung က AX2 အမည်ကို မှတ်ပုံတင်ထားပြီး Galaxy A12 ကနေ A92 အထိ အကုန်ပါပါတယ်။

Galaxy A32 5G အပြင် တောင်ကိုရီးယားအခြေစိုက် နည်းပညာကုမ္ပဏီကြီးဟာ Galaxy A42 5G ကိုလည်း ဖန်တီးထုတ်လုပ်နေပါတယ်။ အဆိုပါဖုန်းဟာ 3C ပလက်ဖောင်းပေါ်မှာ 5,000 mAh ဘက္ထရီနဲ့ တွေ့ခဲ့ရပြီး လာမယ့် လအနည်းငယ် အတွင်း ဒီဖုန်းနှစ်လုံးရဲ့ သတင်းကို ထပ်ကြားရမှာ သေချာပါတယ်။

Ref – GizmoChina