Samsung ဟာ နောက်ဆုံးမိတ်ဆက်ထားတဲ့ Flagship ဖုန်းတွေအတွက် Expert RAW App ကို မိတ်ဆက်ထားတာ အချိန်တစ်ခုရှိနေပြီဖြစ်ပါတယ်။ အဆိုပါ App ဟာ Samsung ဖုန်းနဲ့ ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေကို RAW Format နဲ့ ထုတ်ပေးနိုင်မှာဖြစ်ပြီး ဓါတ်ပုံတွေကို ပြန်လည် Edit ပြုလုပ်တဲ့အချိန်မှာ အလွန်လွယ်ကူသွားစေမှာဖြစ်ပါတယ်။

ယခင်တုန်းကတော့ Samsung Expert RAW ကို အသုံးပြုနိုင်ဖို့အတွက် နောက်ဆုံးထွက်ရှိထားတဲ့ Galaxy S Series ၊ Note Series နဲ့ Z Fold Series ဖုန်းတွေရှိဖို့ လိုအပ်ခဲ့ပါတယ်။ အခုအချိန်မှာတော့ Samsung ကနေ အစောပိုင်းတုန်းက ထုတ်ထားတဲ့ Flagship ဖုန်း ၃ မျိုးဖြစ်တဲ့ Galaxy S20 Ultra ၊ Note 20 Ultra နဲ့ Foldable ဖုန်းဖြစ်တဲ့ Galaxy Z Fold2 ဖုန်းတွေအတွက် Expert RAW App ကို စတင်ထောက်ပံ့ပေးလိုက်ပြီလို့ သိရပါတယ်။

ဒါကြောင့် အခု Galaxy Flagship ဖုန်းတွေကို ကိုင်ဆောင်ထားတယ်ဆိုရင် ကိုယ့် ကင်မရာကနေ ပိုကောင်းတဲ့ဓါတ်ပုံတွေကို ရိုက်ကူးနိုင်ဖို့အတွက် Galaxy App Store ကနေ Expert RAW App ကို Download ပြုလုပ်ဖို့ အကြံပြုလိုက်ပါတယ်။

တစ်ခုရှိတာကတော့ အဆိုပါ Galaxy Flagship ဖုန်းတွေဟာ နောက်ဆုံးထွက်ရှိထားတဲ့ဖုန်းတွေလိုမျိုး Camera Sensor Hardware ပိုင်းနဲ့ Software Processing ပိုင်းတွေ မကောင်းမွန်တဲ့အတွက် ဓါတ်ပုံရုပ်ထွက်အရည်အသွေးပိုင်းမှာ အနည်းငယ် အားနည်းချက်တချို့ရှိနိုင်တယ်ဆိုပြီး Samsung ကနေ ပြောကြားခဲ့ပါတယ်။

Ref – GSM Arena