ပေါက်ကြားလာတဲ့သတင်းအသစ်အရ Samsung ဟာ ဇူလိုင်လ နောက်ဆုံးအပတ်မှာ Unpacked Event ကို ပြုလုပ်မှာ ဖြစ်ပါတယ်။ အရင်ကတော့ Samsung ဟာ ဩဂုတ်လမှာ Unpacked Event ကို ကျင်းပလေ့ရှိတဲ့အတွက် ဒီတစ်ခါမှာတော့ တစ်လစောကာ ကျင်းပမှာ ဖြစ်ပါတယ်။

Samsung Galaxy Z Fold 5: Samsung Galaxy Z Flip 5 and Galaxy Z Fold 5 may get launched soon. Check here - The Economic Times

ဇူလိုင်လမှာ ကျင်းပမယ့် Unpacked Event မှာ Galaxy Z Fold5, Z Flip5 , Galaxy Watch6 နဲ့ Galaxy Tab S9 Series ကို ကြေညာမှာ ဖြစ်ပါတယ်။ ပေါက်ကြားသတင်းအရ Unpacked Event ကို ဇူလိုင်လ ၂၅၊ ၂၆ သို့မဟုတ် ၂၇ ရက်နေ့မှာ ကျင်းပနိုင်ပါတယ်။

Galaxy Z Flip 5 and Galaxy Z Fold 5: Why Samsung has chosen to play favorites - PhoneArena

Samsung Galaxy Z Fold5 နဲ့ Galaxy Z Flip5 မှာ LG Energy Solution ထံက Battery တွေကို အသုံးပြုထားမယ်လို့ အရင်က သတင်းထွက်ခဲ့ပါတယ်။ Samsung ဟာ ပြီးခဲ့တဲ့ ၃ နှစ်အတွင်း ကုမ္ပဏီရဲ့ Foldables တွေအတွက် LG Energy Solution ထံက Battery တွေကို ဝယ်ယူခဲ့တဲ့အတွက် အခု သတင်းဟာ သိပ်မထူးဆန်းပါဘူး။

LG Energy Solution အပြင် Samsung ဟာ ၂၀၂၃ ခုနှစ်ထုတ် Foldables တွေအတွက် Samsung SDI နဲ့ တရုတ်ရဲ့ Amperex Technology Limited (ATL) က Battery တွေကိုလည်း အသုံးပြုမှာ ဖြစ်ပါတယ်။ အဲဒီအတွက် Battery ပြတ်လပ်မှုကြောင့် စမတ်ဖုန်းတွေ ထုတ်လုပ်မှု နှောင့်နှေးတဲ့ ပြဿနာတွေကို ဖြေရှင်းပေးမှာဖြစ်ပါတယ်။

Ref : gsmarena