Samsung ဟာ မိုလ်ဘိုင်းနယ်ပယ်မှာတော့ ကြီးမားတဲ့အောင်မြင်မှုတွေရရှိနေပြီး ထုတ်လုပ်မှုပိုင်းမှာလည်း ဖုန်း၊ မျက်နှာပြင် စတာတွေတင်မကဘဲ ဖုန်းရဲ့ကင်မရာမှာအသုံးပြုတဲ့ အစိတ်အပိုင်းတွေကိုလည်း ထုတ်လုပ်နေတာ ဖြစ်ပါတယ်။ အခုတော့ ဒီထုတ်လုပ်မှုတွေဟာ သုံးစွဲသူတွေရဲ့လက်ထဲကို အမှန်တကယ်ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။

ကုမ္ပဏီဟာ သူ့ရဲ့ 200MP ISOCELL HP1 image sensor အကြောင်းကို ပြီးခဲ့တဲ့နှစ်တုန်းက မဖုံးမကွယ်ပြသခဲ့ပြီးတဲ့နောက် မကြာခင်မှာပဲ ဖုန်းတွေမှာတွေ့မြင်ရတော့မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ တောင်ကိုရီးယားနည်းပညာကုမ္ပဏီကြီးက သူ့ရဲ့ နောက်ဆုံးပေါ်ဖြစ်တဲ့ 200MP ISOCELLHP3 ကိုလည်း ထုတ်ဖော်ပြသလိုက်တာကို တွေ့ရပါတယ်။

“Shrinking things down” ဆိုတဲ့ ကြွေးကျော်သံနဲ့အတူထွက်ပေါ်လာတဲ့ HP3 ဟာ HP1 ထက် ၁၂% ပိုသေးငယ်ပြီး 0.56μm pixel size ပဲရှိတာလည်း ဖြစ်ပါတယ်။ တကယ်ပဲ အရာရာကို ကျုံ့သွားအောင် ခြုံပစ်နိုင်စွမ်း ရှိခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ အကြောင်းကတော့ 1/1.4-inch sensor ဟာ အရင်တုန်းကထက် ၂၀% ပိုပြီးသေးငယ်သွားတာကြောင့် ကုမ္ပဏီတွေအနေနဲ့ Camera packages တွေကို ပိုပြီးပါးသွားအောင် တည်ဆောက်နိုင်တော့မှာ ဖြစ်ပါတယ်။

ISOCELLHP3 ဟာ ပိုပြီးကောင်းမွန်တဲ့ HDR စွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်ပြီး၊ ပိုမိုမြန်ဆန်တဲ့ Super QPD auto-focus စနစ်ကိုလည်း သယ်ဆောင်လာပါတယ်။ ဒီစနစ်နဲ့အတူ 4-to-1 binning ကိုအသုံးပြုပြီး (1.12μm pixels) 50MP ရုပ်ပုံတွေကို ရိုက်ကူးနိုင်သလို 16-to-1 binning ကလည်း (with effectively 2.24μm pixels) 12.5MP images တွေကို ရရှိစေမှာ ဖြစ်ပါတယ်။ ယေဘုယျအားဖြင့် Low-light performance ကို သိသိသာသာ မြင့်တက်သွားစေတာ ဖြစ်ပါတယ်။

Sensor သစ်မှာ Samsung ရဲ့ Super QPD auto-focus system ပါရှိတဲ့အတွက် ပိုမြန်ဆန်ပြီး ပိုပြတ်သားတဲ့ Focus ကို ရရှိစေပါတယ်။ ဒါကြောင့် 30fps မှာ 8K နဲ့ 120fps မှာ 4K ဗီဒီယိုရိုက်ကူးနိုင်ပါတယ်။ HDR images တွေအတွက် Smart-ISO Pro နဲ့အတူ အရောင်ပေါင်း ၄ ထရီလီယံကျော် (14-bit depth) ထက် 64x ပိုကောင်းမွန်တဲ့ HDR image တွေ ရရှိမှာ ဖြစ်ပါတယ်။

ဒီအချက်အလက်တွေဟာ အခုအချိန်အထိတော့ စာရွက်ပေါ်မှာပဲ ရှိနေပါသေးတယ်။ စီးပွားဖြစ်ထုတ်လုပ်မှုကို ဘယ်အချိန်မှာ မြင်တွေ့ရမယ်ဆိုတာ မသိသေးပါဘူး။ ဘာကြောင့်လဲဆိုတော့ အခုအချိန်အထိ HP1 image sensor နဲ့ ပထမဆုံးဖုန်းကိုတောင် မမြင်ရသေးလို့ပဲ ဖြစ်ပါတယ်။

Ref: Sammobile