၂၀၂၁ ခုနှစ်မကုန်ဆုံးမီလေးမှာပဲ MediaTek နဲ့ Qualcomm တို့ဟာ သူတို့ရဲ့ Processor တွေကို ကြေညာသွားခဲ့ကြပါတယ်။ MediaTek Dimensity 9000 နဲ့ Qualcomm Snapdragon 8 Gen 1 တို့နဲ့ ယှဉ်ပြိုင်မဲ့ Samsung ရဲ့ Flagship Processor ကိုတော့ တရားဝင်မိတ်ဆက်ခံရခြင်း မရှိသေးပါဘူး။

တောင်ကိုရီးယားနည်းပညာကုမ္ပဏီကြီးဟာ ၂၀၂၂ ခုနှစ်အတွက် ရည်ရွယ်ထားတဲ့ သူတို့ရဲ့မျိုးဆက်သစ် Exynos processor ကို ဇန်နဝါရီလ ၁၁ နေ့မှ တရားဝင်မိတ်ဆက်မှာ ဖြစ်ပါတယ်။ ဒီအကြောင်းကို #PlaytimesOver ဆိုတဲ့ Hashtag နဲ့အတူ Twitter ကတစ်ဆင့် အသိပေးကြေညာခဲ့တာလည်း ဖြစ်ပါတယ်။

Sasmsung ရဲ့ ထုတ်ပြန်ကြေညာချက်အရ မျိုးဆက်သစ် စွမ်းဆောင်ရည်မြင့် Exynos processor မှာ AMD ရဲ့ RDNA2 GPU ပါဝင်လာမယ်ဆိုတဲ့အကြောင်းလည်း အတည်ပြုနိုင်ပြီဖြစ်ပါတယ်။ ဒီ Chipset ဟာ Snapdragon 8 Gen 1 လိုမျိုးပဲ တူညီတဲ့ 4nm fabrication process ကို အသုံးပြုလာဖွယ်ရှိပါတယ်။

Exynos 2200 chipset သစ်ကို Galaxy S22, Galaxy S22+ နဲ့ Galaxy S22 Ultra တို့မှာ အသုံးပြုမှာလည်း ဖြစ်ပါတယ်။ ကုမ္ပဏီဟာ Exynos 2200 မှာ ဂိမ်းကစားခြင်းစွမ်းဆောင်ရည်ကို သိသိသာသာ မြှင့်တင်ပေးထားကြောင်း ကတိပေးထားပါတယ်။ ဒါကို လက်တစ်ဆုပ်စာဈေးကွက်ထက် ပိုပြီးရရှိမယ်ဆိုရင်တော့ အဓိပ္ပါယ်ရှိမယ်လို့ ဆိုရမှာပါ။

Samsung ဟာ မြောက်အမေရိက၊ တရုတ်နဲ့ အိန္ဒိယတို့မှာရောင်းချမဲ့ Galaxy S22 စီးရီး Devices တွေမှာ Snapdragon 8 Gen 1 processor ကို အသုံးပြုမယ်လို့ ကောလာဟလတွေ ထွက်ပေါ်နေပါတယ်။ Galaxy S22 ရဲ့ ဥရောပနဲ့ တောင်ကိုရီးယားမျိုးကွဲတွေမှာတော့ Exynos 2200 processor ပါရှိပါလိမ့်မယ်။

ကနဦးပေါက်ကြားမှုတွေကြောင့် Exynos 2200 မှာ Cortex-X2 CPU core တစ်ခု၊ Cortex-A710 CPU cores သုံးခုနဲ့ Cortex-A510 CPU core လေးခု ပါဝင်မယ်ဆိုတဲ့အကြောင်း သိပြီးဖြစ်ပါလိမ့်မယ်။ HDR, ray-tracing, variable rate shading features စတာတွေနဲ့ AMD RDNA2 GPU လည်း ပါဝင်မှာဖြစ်ပါတယ်။

ဒါ့အပြင် Chip အသစ်မှာ ပိုပြီးကောင်းမွန်တဲ့ 5G Modem, ပိုပြီးကောင်းမွန်တဲ့ ISP နဲ့ AI processing တွေကို လုပ်ဆောင်နိုင်မယ်လို့ သိရပါတယ်။

Ref: SamMobile