Tesla ရဲ့ ရောင်းမထွက်သေးတဲ့ ကားတွေဟာ အော်စတင် ၊ တက္ကဆပ်မှ ကားစက်ရုံမှာ များပြားလာတဲ့ ပြဿနာကို ရင်ဆိုင်နေရပါတယ်။ ဒါ့အပြင် ဆိပ်ကမ်းတွေမှာလည်း Tesla ရဲ့ ရောင်းမထွက်သေးတဲ့ ကားတွေ အပုံလိုက်ရှိနေပါတယ်။

Tesla ဟာ ကားရောင်းအား ကောင်းဖို့ ရုန်းကန်နေရပြီး ရောင်းမထွက်သေးတဲ့ ကားအပုံလိုက်ကြီးကို လူတွေ မသိအောင် မဖုံးကွယ်ထားနိုင်ပါဘူး။ အာကာသကနေ ရိုက်ကူးထားတဲ့ ဂြိုလ်တု ဓါတ်ပုံတွေမှာ အဲဒီ ကားအပုံလိုက်ကြီးကို တွေ့နေရပါတယ်။

Is Tesla Really Sitting On Unsold Stocks Visible From Space?

Sherwood News က ၂၀၂၁ ခုနှစ် အောက်တိုဘာလနဲ့ ၂၀၂၄ ခုနှစ် မတ်လမှာ Tesla ရဲ့ ရောင်းမထွက်သေးတဲ့ ကားတွေရဲ့ ဂြိုလ်တု ဓါတ်ပုံတွေကို နှိုင်းယှဉ်ခဲ့ပြီး မတ်လမှာ အလွန်များပြားလာတာတွေ့ရပါတယ်။ Tesla ဟာ ရောင်းချနိုင်တဲ့ ကားအရေအတွက်ထက် အများကြီး ပိုပြီး ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ Tesla ရဲ့ ကားရောင်းအားဟာ အရင်နှစ်ကထက် ၈.၅ ရာခိုင်နှုန်း ကျဆင်းသွားပြီး ကုမ္ပဏီဟာ ရောင်းချထားတဲ့ ကားထက် အစီး ၄၇,၀၀၀ နီးပါး ပိုမို ထုတ်လုပ်ထားပါတယ်။ ဒါဟာ ၂၀၂၀ ခုနှစ်ကတည်းက ပထမဆုံး အကြိမ် ရောင်းအား ကျဆင်းသွားတာ ဖြစ်ပါတယ်။

Tesla ဟာ လူကြိုက်များတဲ့ Model Y ကားတွေကို ဈေးလျှော့ရောင်းနေပေမယ့် ရောင်းအား မကောင်းလာပါဘူး။ ကုမ္ပဏီဟာ ကွာတား ၁ မှာ ဒေါ်လာ ၂.၅ ဘီလီယမ်လောက် ဆုံးရှုံးသွားဖွယ်ရှိပါတယ်။

Ref : yahoo