iQOO Neo3 မှာ မြင့်မားတဲ့ Refresh Rate ပါလာမယ်လို့ တရားဝင် Teaser နဲ့ ကုမ္ပဏီက သတင်းပေးထားပါတယ်။ ဒါပေမယ့် ကိန်းဂဏန်း အတိအကျကို မပြောသေးပါဘူး။ အခုတော့ အဲဒီ စမတ်ဖုန်းရဲ့ Settings ကို ပြသထားတဲ့ Screenshot တွေထွက်ပေါ်လာပါတယ်။

အဲဒီ စမတ်ဖုန်းမှာ အမြင့်ဆုံး အနေနဲ့ 120Hz Refresh Rate ပါလာမယ်လို့ ဖော်ပြထားပါတယ်။ Vivo ကတော့ 90Hz ကိုပဲ ထောက်ပံ့ပေးထားပါတယ်။ တချို့ကလည်း 90Hz ဟာ Animations ချောမွတ်သလို ဘက်ထရီ သက်တမ်းကောင်းတယ်လို့ ပြောကြပါတယ်။ တချို့ကတော့ 120Hz ကို ပိုကြိုက်ကြပါတယ်။ iQOO Neo3 မှာ Auto Mode ပါလာမလားဆိုတာ မသိရသေးပါဘူး။

အခုထွက်လာတဲ့ Screenshot တွေအရ iQOO Neo3 မှာ 6GB RAM နဲ့ 128GB Storage ပါလာမယ်လို့ သိရပါတယ်။ iQOO 3 5G ရဲ့ အခြေခံ Configuration နဲ့ တူသွားပါတယ်။ ကုမ္ပဏီက စွမ်းဆောင်ရည်မြင့် Snapdragon 865 Chipset ပါလာမယ်လို့ သတင်းပေးထားပါတယ်။

Neo3 မှာ 1080p မျက်နှာပြင်ပါလာမှာ ဖြစ်ပြီး ညာဘက်အထက်မှာ Punch Hole ကင်မရာ တပ်ဆင်ထားမှာပါ။ iQOO 3 မှာတော့ မြင့်မားတဲ့ Refresh Rate မျက်နှာပြင် မပါလာဘဲ 180Hz Touch Sampling Rate ပဲ ထည့်သွင်းထားပါတယ်။ iQOO Neo3 ကို ကြေညာမယ့် အချိန်ကို မသိရသေးပါဘူး။

Ref : gsmarena