အိန္ဒိယ နိုင်ငံ Lucknow မှာ iPhone ကို သွားရောက်ပို့ဆောင်ပေးတဲ့ Delivery သမား အသတ်ခံလိုက်ရပါတယ်။ သေဆုံးသွားသူ Bharat ဟာ အသက် ၃၀ နှစ်ဖြစ်ပြီး Delivery သမားအလုပ်ကို လုပ်ကိုင်ပါတယ်။ Gajanan အမည်ရ အမျိုးသားက ဒေါ်လာ ၁,၇၈၇ တန် iPhone ကို Flipkart ကနေ အိမ်ရောက်ငွေချေစနစ်နဲ့ မှာယူလိုက်တာ ဖြစ်ပါတယ်။

Delivery agent killed during iPhone Delivery

စက်တင်ဘာလ ၂၃ ရက်နေ့မှာ Bharat ဟာ ဖုန်းကို သွားရောက်ပို့ဆောင်ခဲ့ပြီး Gajanan နဲ့ သူငယ်ချင်း Akash က သူ့ကို သတ်ကာ တူးမြောင်းထဲ ပစ်ချထားခဲ့ပါတယ်။ Bharat အိမ်ပြန်မရောက်လာတဲ့အတွက် သူ့မိသားစုက စက်တင်ဘာလ ၂၅ ရက်နေ့မှာ ရဲစခန်းမှာ လူပျောက်တိုင်ကြားခဲ့ပါတယ်။

Stream IPhone 16 Series by Dekho Price | Listen online for free on  SoundCloud

ရဲတွေက Bharat ရဲ့ နောက်ဆုံး တည်ရှိတဲ့ နေရာကို သူ့ဖုန်းကနေ ခြေရာခံခဲ့ပါတယ်။ ရဲတွေက Akash ကို စစ်ဆေးတဲ့အခါ ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံခဲ့ပါတယ်။ သူက တန်ဖိုးကြီး စမတ်ဖုန်းကို ငွေမပေးဘဲ လိုချင်တဲ့အတွက် အခုလို လူသတ်ခဲ့တာလို့ ပြောပါတယ်။

ရဲတွေက Bharat ရဲ့ အလောင်းကို ရှာဖွေနေကြပါတယ်။ Akash ကို ဖမ်းဆီးထားပြီး Gajanan က ထွက်ပြေးတိမ်းရှောင်နေပါတယ်။

Ref : gizmochina