YouTuber ၁ ယောက်က iPhone 14 Pro ရဲ့ Crash Detection လုပ်ဆောင်ချက်အသစ်ကို တကယ် စမ်းသပ်ခဲ့ပါတယ်။ YouTube မှာ Subscriber ၇ သန်းကျော်ရှိတဲ့ TechRax ဟာ နည်းပညာ လုပ်ဆောင်ချက် အသစ်တွေကို စမ်းသပ်သူ ဖြစ်ပါတယ်။

TechRax က iPhone 14 Pro ကို ယာဉ်မောင်းထိုင်ခုံမှာ တိပ်နဲ့ ကပ်ထားပြီး ကားကို Remote နဲ့ မောင်းနှင်ကာ ကားအဟောင်းတွေကို ဝင်တိုက်ခဲ့ပါတယ်။ iPhone 14 Pro က ကားတိုက်တာကို အာရုံခံမိပြီး အရေးပေါ် ဆက်သွယ်မှုတွေ ပြုလုပ်ခဲ့တာ မြင်ရတဲ့အတွက် Crash Detection လုပ်ဆောင်ချက်က တကယ် အလုပ်ဖြစ်ပါတယ်။

YouTuber Wrecks Car to Test New iPhone 14 Pro Crash Detection

ကားတိုက်မိတာနဲ့ ဖုန်းက စက္ကန့် ၂၀ ကြာ စောင့်ဆိုင်းပြီး ဖုန်း ပိုင်ရှင်က ဘာမှ မတုန့်ပြန်တဲ့အခါ အရေးပေါ် ဝန်ဆောင်မှုတွေဆီ အကူအညီတောင်းဖို့ ဖုန်း ဆက်မှာ ဖြစ်ပါတယ်။

Apple က “ ဖုန်း ပိုင်ရှင်ဟာ တုန့်ပြန်မှု မရှိတော့တဲ့အခါ iPhone က အရေးပေါ်ဝန်ဆောင်မှုတွေကို ဆက်သွယ်ဖို့ အသံ Message ကို ဖွင့်ပြမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာ သင့်ရဲ့ Latitude / Longitude တည်နေရာကို ပေးပို့ပေးမှာ ဖြစ်ပါတယ်။ “ လို့ ပြောထားပါတယ်။

iPhone 14 Series အသစ်တွေမှာသာမက Apple Watch အသစ်၊ Apple Watch SE (2nd Gen) , Apple Watch Series 8 နဲ့ Apple Watch Ultra တွေမှာ Crash Detection ထည့်သွင်းထားပါတယ်။ Apple က Crash Detection ကို Default အနေနဲ့ ဖွင့်ထားပေးထားပေမယ့် Settings ထဲမှာ ပိတ်ထားနိုင်တယ်လို့ ပြောပါတယ်။

ref : hindustantimes