Shop App MM ၏ အုပ်ချုပ်မှု အမှုဆောင် ဒါရိုက်တာ Ko Ron နှင့် Maximize Myanmar Co.Ltd မှ Directors များတို့သည် မတ်လ (၂၉) ရက်နေ့၊ ၂၀၂၃ ခုနှစ်တွင် Joint Business Partnership သဘောတူစာချုပ်အား လက်မှတ် ရေးထိုးခဲ့ကြပါသည်။

Shop App MM သည် လစဉ် စျေးဝယ်ယူသူပေါင်း (၁) သန်းကျော် ရှိနေပြီး SME နှင့် နာမည်ကြီး Brand ရောင်းချသူပေါင်း ထောင်ကျော်မှ ကုန်ပစ္စည်းအမျိူးအစားပေါင်း သိန်းကျော်ကို ဝယ်ယူသူများထံ အလျင်အမြန် ရောက်ရှိစေရန် ချိတ်ဆက် ရောင်းချပေးနေသော E-commerce Platform တစ်ခုဖြစ်သည်နှင့်အညီ သုံးစွဲသူ မိဘပြည်သူများ အရည်အသွေးစစ်မှန်သော အီလက်ထရောနစ် Gadget ပစ္စည်းများကို လွယ်ကူသက်သာစွာ ဝယ်ယူနိုင်ရန် ရည်ရွယ်၍ Shop App MM နှင့် Maximize Myanmar ကုမ္ပဏီတို့သည် ၂၀၁၅ ခုနှစ်ကုန်တွင် စတင်လက်တွဲခဲ့ပြီး ပူးပေါင်းဆောင်ရွက်ခဲ့သည်မှာ ယခုအချိန်တွင် (၇)နှစ်ကျော်၊ (၈)နှစ်အတွင်း ဝင်ရောက်လာခဲ့ပြီ ဖြစ်ပါသည်။ Maximize Myanmar ကုမ္ပဏီသည် Brand တစ်ခုချင်းစီ အလိုက် ၁၀၀% ယုံကြည်စိတ်ချရသော Official Store (၁၉) ခု အား Shop App MM တွင် ဖွင့်လှစ်ခဲ့ပါသည်။

အဆိုပါ Official Store (၁၉) ခု တိုင်းတွင် 90% အထက် Customer Rating နှင့် ဝယ်ယူသူများ၏ အကောင်းဆုံး Feedbacks များကို ရရှိထားသလို အကောင်းဆုံးသော Operation Process များကြောင့်လည်း 0% Cancellation နှင့် ပို့ဆောင်မှုလုပ်ငန်းစဉ်ကိုလည်း အမြန်ဆုံး ဖြစ်အောင် စီစဉ်ဆောင်ရွက်ခဲ့ကြပါသည်။

အခမ်းအနားတွင် Shop App Myanmar နှင့် Maximize Myanmar တို့ Official Partner အဖြစ် ပူးပေါင်းဆောင်ရွက်ခြင်း၏ အဓိကအချက်များကို အောက်ပါအတိုင်း အလေးထား ဆွေးနွေးခဲ့ကြပါသည်။

  • လုပ်ငန်းဆောင်ရွက်မှုစံနှုန်းများနှင့် ကမ်ပိန်းများကို မြှင့်တင်ခြင်းဖြင့် သုံးစွဲသူများ၏ အတွေ့အကြုံကို မြှင့်တင်ရန်
  • ၀ယ်ယူသုံးစွဲသူ Customer များအား လျှော့စျေးနှင့် သီးသန့်ပရိုမိုးရှင်း အစီအစဉ်များ ပိုမို ပေးဆောင်နိုင်ရန်
  • MZ Myanmar ကုမ္ပဏီ အမှတ် တံဆိပ်အောက်မှ တင်သွင်းဖြန့်ချိသော အီလက်ထရောနစ် Gadget အမှတ်တံဆိပ် (၁၉) ခုမှ ၁၀၀% စစ်မှန်သော၊ အာမခံ မိုဘိုင်း ဆက်စပ်ပစ္စည်းများကို မြန်မာပြည်တစ်ဝှမ်း သုံးစွဲနိုင်ရန်နှင့် အခြားသော Partnership အစီအစဉ်များကို အလေးထား လုပ်ဆောင်သွားမည်ဖြစ်ပါသည်။