Messaging App နယ်ပယ်မှာ ခေတ်အစားဆုံး ဖြစ်လာတာက ငွေလွှဲစနစ် ဖြစ်ပါတယ်။ WhatsApp ကနေ ငွေလွှဲတဲ့ ဝန်ဆောင်မှုကို နိုင်ငံတချို့မှာ အသုံးပြုနိုင်ပြီ ဖြစ်ပြီး Meta ကလည်း အမေရိကန်မှာ မကြာခင်က စမ်းသပ်ခဲ့ပါတယ်။ Signal ဟာ အဲဒီ နယ်ပယ်ထဲ ဝင်ရောက်ဖို့ စီစဉ်နေခဲ့တာ အချိန်တော်တော်ကြာပြီ ဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်က ဗြိတိန်မှာ စတင် စမ်းသပ်ခဲ့ပါတယ်။ အဲဒီနောက် တခြားနိုင်ငံတွေမှာ Beta ကို ဖြန့်ချိပေးခဲ့ပါတယ်။

MobileCoin လို့ ခေါ်တဲ့ Cryptocurrency ၁ မျိုးကို Signal ရဲ့ Contact တွေဆီကို ပေးပို့နိုင်တာဖြစ်ပြီး အခုတော့ ဒီလုပ်ဆောင်ချက်ကို တစ်ကမ္ဘာလုံးမှာ အသုံးပြုနိုင်ပါပြီ။ Signal က ဒီလုပ်ဆောင်ချက်ကို ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက ထည့်သွင်းပေးထားတာ ဖြစ်ပေမယ့် အခုမှသာ တစ်ကမ္ဘာလုံး အသုံးပြုနိုင်အောင် ပြုလုပ်ပေးလိုက်တာလို့ ပြောပါတယ်။

Signal is testing a payments feature that lets you send cryptocurrency to  friends - The Verge

Signal App မှာ ပရိုဖိုင် ဓါတ်ပုံကို နှိပ်ပြီး Payment ကို ရွေးချယ်လိုက်ရင် Wallet ကို ရောက်ရှိမှာ ဖြစ်ပါတယ်။ Add Funds ကို နှိပ်ရင် သင့် Crypto Wallet လိပ်စာကို ပြသပေးမှာ ဖြစ်ပြီး အဲဒီကနေ MobileCoin ကို ပေးပို့နိုင်မှာပါ။

Bitcoin နဲ့ Ethereum တို့လို Crypto အများစုမှာ လိပ်စာ၊ ငွေလက်ကျန်နဲ့ ငွေပေး၊ ငွေယူ မှတ်တမ်းတွေကို ကြည့်ရှုနိုင်ပါတယ်။ ဒါပေမယ့် MobileCoin မှာတော့ နောက်ယောင်ခံလို့ မရအောင် အဲဒီ မှတ်တမ်းတွေကို ဖုံးကွယ်ထားပါတယ်။ Signal ကုမ္ပဏီတောင် အဲဒီ သတင်းအချက်အလက်တွေကို မသိရပါဘူး။ Signal App မှာ Cyptocurrency လွှဲပြောင်းနိုင်တဲ့ ဝန်ဆောင်မှုကို Beta အနေနဲ့ သတ်မှတ်ထားပေမယ့် မကြာခင် တစ်ကမ္ဘာလုံးမှာ အသုံးပြုလို့ရလာတော့မှာပါ။

Ref : androidpolice