၂၀၂၁ ပြက္ခဒိန်နှစ်ကတော့ ကုန်ဆုံးကာနီးနေပါပြီ။ ကျွမ်းကျင်သူတွေကလည်း လာမဲ့ ၂၀၂၂ ခုနှစ်ရဲ့ စမတ်ဖုန်းဈေးကွက်အလားအလာကို ခန့်မှန်းတွက်ချက်နေကြပါပြီ။ Trendforce ရဲ့ ခန့်မှန်းချက်ကတော့ လာမဲ့ ၂၀၂၂ ခုနှစ်မှာ စမတ်ဖုန်းဈေးကွက်က ကြီးမားလာမှာဖြစ်ပြီး စုစုပေါင်း Devices တွေရဲ့ ၄၇.၅% က 5G တွေဖြစ်လာမယ်လို့ ဖော်ပြထားပါတယ်။

Trendforce ကတော့ ကပ်ရောဂါအခြေအနေကို တဖြည်းဖြည်းချင်းထိန်းချုပ်လာနိုင်ပြီဖြစ်တာကြောင့် ကမ္ဘာစီးပွားရေးဟာ ပုံမှန်အတိုင်းပြန်ဖြစ်လာမှာဖြစ်တဲ့အတွက် စက်မှုလုပ်ငန်းလည်း ပြန်လည်ကောင်းမွန်လာမယ်လို့ ယုံကြည်နေပါတယ်။

အလင်းရောင်ထွက်ပေါ်စဈေးကွက်နဲ့ ပုံမှန် Device အစားထိုးခြင်းစက်ဝန်းဟာ လာမဲ့ ၂၀၂၂ ခုနှစ်အတွက် ၁.၃၉ ဘီလီယံ ရောင်းအားကို ယူဆောင်လာပေးမယ်လို့ ဆိုပါတယ်။ ဒါဟာ နှစ်စဉ်တိုးတက်မှုနှုန်းအရ ၃.၈% ကို ဖြစ်စေပါလိမ့်မယ်။ ဒီပမာဏတွေထဲက ၄၇.၅% ဖြစ်တဲ့ အရေအတွက် သန်း ၆၆၀ ဟာ 5G အသုံးပြုနိုင်တဲ့ Device တွေ ဖြစ်မယ်လို့ Trendforce က မျှော်မှန်းထားပါတယ်။

Samsung ရဲ့ ရောင်းအားဟာ ၂၀၂၂ မှာ ၂၇၆ သန်း ကိုရောက်ရှိသွားမှာဖြစ်ပြီး နှစ်အလိုက်တိုးတက်မှုနှုန်း ၁.၁% ဖြစ်မယ်လို့ ဆိုပါတယ်။ Apple ကတော့ အဆိုပါနှစ်ရဲ့ ပထမသုံးလပတ်အတွင်း iPhone SE သစ် ရရှိနိုင်မဲ့အပေါ်မူတည်နေတယ်လို့ Trendforce က ဆိုပါတယ်။ ဒါပေမဲ့ Apple ရဲ့ ရောင်းအားနောက်ကွယ်က အဓိကမောင်းနှင်မှုဟာ iPhone 14 ပဲ ဖြစ်လိမ့်မယ်လို့ ဆိုထားပါသေးတယ်။

၂၀၂၂ နဲ့ပတ်သက်တဲ့ ရောက်ထပ်ယူဆချက်က တရုတ်ဈေးကွက်ဟာ သိသိသာသာကြီးထွားလာဖို့ မဖြစ်နိုင်တဲ့အတွက် Xiaomi, Oppo နဲ့ Vivo တို့လို ကုမ္ပဏီတွေဟာ နိုင်ငံတကာဈေးကွက်ကို ပိုပြီးချဲ့ထွင်ဖို့ကြိုးစားလာမယ်ဆိုတာပါပဲ။ Xiaomi ကတော့ အလုံးရေ သန်း ၂၂၀ အထိ၊ ၁၅.၈% တိုးတက်လာမယ်လို့ ခန့်မှန်းထားပါတယ်။ Oppo, OnePlus နဲ့ Realme တို့ကတော့ ၂၀၈ သန်းဆိုတဲ့ ပမာဏထက် နည်းပါးလိမ့်မယ်လို့ Trendforce က ခန့်မှန်းထားပါတယ်။

Ref: GSM Arena