တစ်ကမ္ဘာလုံးမှ Android နဲ့ iPhone တွေဟာ လိုင်းမမိတဲ့ နေရာမှာ Elon Musk ရဲ့ Starlink နည်းပညာကြောင့် မကြာခင်မှာ ဖုန်းပြောနိုင်တော့မှာ ဖြစ်ပါတယ်။

Elon Musk Just Changed Everything: Starlink Lets iPhones and Androids Call Anywhere on Earth—No Towers Needed

Starlink ရဲ့ ဂြိုလ်တု ကွန်ရက်ကြောင့် လူသားတွေဟာ သမားရိုးကျ Cell Tower တွေ မရှိတဲ့ နေရာတွေမှာ ဖုန်းပြောနိုင်တော့မှာ ဖြစ်ပါတယ်။ ကြီးမားတဲ့ ဂြိုလ်တု ဖုန်းတွေ မလိုအပ်ဘဲ သာမာန် ဖုန်းတွေကို အသုံးပြုနိုင်ပါတယ်။

အမေရိကန် ဆက်သွယ်ရေး ကော်မရှင် (FCC) က သမားရိုးကျ ဝန်ဆောင်မှု မရတဲ့ ဧရိယာမှ T-Mobile User တွေအတွက် SpaceX ရဲ့ Cellular လိုင်းကို အသုံးပြုခွင့်ကို မကြာခင်က ခွင့်ပြုခဲ့ပါတယ်။

အစောပိုင်း စမ်းသပ်ချက်အရ Apple, Samsung နဲ့ Google တို့လို Brand တွေရဲ့ စမတ်ဖုန်းတွေမှာ အသုံးပြုနိုင်ပါတယ်။

iPhones and Android users can soon make calls anywhere on Earth with no signal - The Mirror US

Starlink ရဲ့ ဝန်ဆောင်မှုဟာ စမတ်ဖုန်း အဟောင်းတွေမှာလည်း အသုံးပြုနိုင်တဲ့အတွက် တစ်ကမ္ဘာလုံးမှာ အဆင်ပြေစေပါတယ်။ သမားရိုးကျ ဂြိုလ်တု ဆက်သွယ်ရေးလိုမဟုတ်ဘဲ Starlink ရဲ့ ဂြိုလ်တုတွေဟာ ကမ္ဘာနဲ့ နီးတဲ့အတွက် Latency နည်းပါးပါတယ်။ ဖုန်းခေါ်တဲ့ အခါမှာ လျှင်မြန်ပြီး ကြည်လင်ပြတ်သားစွာ ပြောနိုင်မှာ ဖြစ်ပါတယ်။

Starlink ဟာ တစ်ကမ္ဘာလုံးမှာ ဆက်သွယ်ရေး စနစ်ကို ပြောင်းလဲပစ်ဖို့ ကြိုးစားနေပြီး အထူးသဖြင့် ဝေးလံခေါင်ဖျားတဲ့ ဒေသတွေအတွက် အင်တာနက်နဲ့ ဖုန်းပြောတဲ့ ဝန်ဆောင်မှုကို ပံ့ပိုးပေးမှာ ဖြစ်ပါတယ်။

Ref: Tech Explorers