Qualcomm ဟာ ပြီးခဲ့တဲ့လတုန်းက Android Flagship ဖုန်းတွေအတွက် Snapdragon 888 Chipset ကို မိတ်ဆက်ခဲ့ပြီး အခုဆိုရင်လည်း အဆိုပါ Chipset ပါဝင်တဲ့ Xiaomi Mi 11 ဖုန်းကို မိတ်ဆက်ထားပြီးဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ ယခုနှစ်အစောပိုင်းမှာတင် တခြားသော Snapdragon 888 စမတ်ဖုန်းတွေလည်း အများအပြားထွက်ရှိလာဦးမှာပါ။

ဒီလိုမျိုး Samsung Galaxy S21 ၊ OPPO Find X3 ၊ OnePlus 9 ၊ realme Race အပါအဝင် တခြားသော Flagship ဖုန်းတွေက Snapdragon 888 Chipset ကို အသုံးပြုလာမှာဖြစ်ပေမယ့် အခုအချိန်မှာ စိတ်ဝင်စားဖွယ်သတင်းတစ်ခုက ထပ်မံထွက်ရှိလာခဲ့ပါတယ်။ ဒါကတော့ လာမယ့် ၂၀၂၁ ခုနှစ် ဒုတိယနှစ်ဝက်မှာ Qualcomm ကနေ စွမ်းဆောင်ရည်ပိုကောင်းတဲ့ Snapdragon 888+ Chipset ကို မိတ်ဆက်ဖို့ရှိနေတာပဲဖြစ်ပါတယ်။

Snapdragon 888 Chipset ဟာ 5nm Architecture ကို အခြေခံထားတဲ့အပြင် Cortex-X1 Prime Core ၊ Snapdragon X60 5G Modem တွေအပြင် AI ပိုင်းနဲ့ Image Processing ပိုင်းမှာ သိသိသာသာအဆင့်မြှင့်တင်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် မနှစ်တုန်းက Snapdragon 865 Chipset နဲ့ ယှဥ်မယ်ဆိုရင် အကုန်လုံးမှာ ပိုပြီး စွမ်းဆောင်ရည်ကောင်းမွန်နေမှာပါ။

ဒါပေမယ့်လည်း လက်ရှိအချိန်မှာ Qualcomm ကနေ Snapdragon 888 Chipset မှာပါဝင်တဲ့ GPU Clock Speed ကို 840MHz မှာပဲ Lock ပြုလုပ်ထားတဲ့အတွက် လာမယ့် Snapdragon 888+ ကျမှပဲ ပိုပြီးမြန်ဆန်အောင် Overclock ပြုလုပ်လာဖွယ်ရှိပါတယ်။ ယခုသတင်းကို နာမည်ကြီး Chinese Leakster တစ်ဦးဖြစ်တဲ့ Digital Chat Station ကနေ ဖော်ပြခဲ့တာလည်းဖြစ်ပါတယ်။

ဖြစ်နိုင်ခြေများနေတာကတော့ Snapdragon 888+ Chipset ဟာ ASUS ROG Phone 4 မှာ ပထမဆုံးအနေနဲ့ သုံးစွဲလာနိုင်ပြီး နောက်ပိုင်းမှာ OnePlus 9T Series ၊ Samsung Galaxy Note 21 Series နဲ့ Mi 11 Ultra လိုမျိုးဖုန်းတွေမှာ ပါဝင်လာနိုင်ပါတယ်။ ဒါပေမယ့်လည်း Performance ပိုင်းမှာ Snapdragon 888 ဖုန်းတွေထက် အနည်းငယ်ပဲ ပိုကောင်းနိုင်တဲ့အတွက် ကျိန်းသေစောင့်ဆိုင်းဖို့တော့ မလိုအပ်ဘူးလို့ ခန့်မှန်းရပါတယ်။

Ref – Gizmo China