အမေရိကန် ပြည်ထောင်စု Hope ကောလိပ်မှ အင်ဂျင်နီယာ ကျောင်းသားတွေက နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ကား အားသွင်းစက်ကို ကျောင်းအတွက် တီထွင်ပေးလိုက်ပါတယ်။ နေရောင်ခြည် စွမ်းအင်ကို ရယူကာ လျှပ်စစ်ကားတွေကို အားသွင်းပေးတဲ့ စက်ကို ကျောင်းမှာ တပ်ဆင်လိုက်ပါတယ်။ ကျောင်းမှာ အားသွင်းစက် ၄ ခုကို နွေရာသီ အစောပိုင်းက တပ်ဆင်ထားပြီး ဒီလက စတင်ကာ အသုံးပြုနိုင်ပါပြီ။

Solar-powered EV charging stations could end range anxiety

ကောလိပ်က Hope ကျောင်းသားတွေဟာ အထူး Parking Tag ကို ဝယ်ယူပြီး စာသင်နှစ်တစ်ခုလုံးအတွက် လျှပ်စစ်ကားကို အားသွင်းနိုင်မယ်လို့ ပြောပါတယ်။ ကျောင်းကို လျှပ်စစ်ကား စီးပြီး လာတဲ့ ကျောင်းသားတွေအတွက် အကျိုးရှိစေမှာပါ။

UNSW solar-powered electric vehicle charging stations | Estate Management - UNSW Sydney

ဒါတင်မကသေးပါဘူး။ ကျောင်းသားတွေတီထွင်ထားတဲ့ စနစ်က နေရောင်ခြည်ကနေ ရတဲ့ စွမ်းအင်ကို လျှပ်စစ်စွမ်းအင် အဖြစ် ပြောင်းလဲပြီး လျှပ်စစ်ကားတွေကို အားသွင်းပေးနိုင်သလို တခြားနေရာတွေမှာလည်း အသုံးချနိုင်ပါတယ်။ ကျောင်းရဲ့ ဒါရိုက်တာ Michelle Seppala Gibbs က အဆောက်အဦးတွေကိုလည်း လျှပ်စစ်ဓါတ်အား ပံ့ပိုးပေးနိုင်ပါတယ်လို့ ပြောပါတယ်။

နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ကား အားသွင်းစက်တွေဟာ လျှပ်စစ်မီး မရတဲ့ ဒေသတွေအတွက် အလွန် အသုံးဝင်ပါတယ်။ အနာဂတ်မှာ အဲဒီ နည်းပညာ ပိုမို တိုးတက်ဖွံ့ဖြိုးလာဖို့ မျှော်လင့်ရပါတယ်။

Ref : electrek