Solid-state ဘက်ထရီ နည်းပညာဟာ လျှပ်စစ်ကား နယ်ပယ်ကို များစွာ အကျိုးပြုမှာ ဖြစ်ပါတယ်။ တရုတ်မှ University of Science and Technology(USTC) နဲ့ University of California တို့က ဘက်ထရီ နည်းပညာ အသစ်ကို တီထွင်လိုက်ပြီး လျှပ်စစ်ကားတွေကို ၉ မိနစ်အတွင်း ၈၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။

ဒီနည်းပညာက သမားရိုးကျ လစ်သီယမ် အိုင်းယွန်း ဘက်ထရီတွေထက် အားသွင်းချိန်ကို ထက်ဝက်ကျော် လျှော့ချပေးနိုင်ပါတယ်။

Nio ET7 solid-state battery

သုတေသန ပညာရှင်တွေဟာ ဘက်ထရီရဲ့ Solid-state Chemistry ထဲမှာ Ion ရွေ့လျားမှုကို မြန်ဆန်အောင် “Electrocatalysis” လို့ခေါ်တဲ့ ဖြစ်စဉ်မှာ “Heteroatom Doping” လို့ ခေါ်တဲ့ နည်းလမ်းကို အသုံးပြုခဲ့ပါတယ်။ ဒီနည်းလမ်းက အားသွင်းမြန်စေပြီး စွမ်းအင် သိပ်သည်းဆကို မထိခိုက်စေဘဲ 302Wh/kg မှာ ရှိနေစေပါတယ်။

နှိုင်းယှဉ်ရရင် Tesla Model 3 မှာ သုံးထားတဲ့ Panasonic 21700 Cells ရဲ့ စွမ်းအင် သိပ်သည်းဆဟာ 253Wh/kg ရှိပြီး ၈၀ ရာခိုင်နှုန်း အားသွင်းဖို့ ၂၅ မိနစ် ဝန်းကျင်ကြာမြင့်ပါတယ်။

အခု ဘက်ထရီ နည်းပညာ အသစ်က အားသွင်းချိန်ကို ၁၀ မိနစ်ဝန်းကျင် လျှော့ချပေးနိုင်ပါတယ်။ အနာဂတ်မှာတော့ လျှပ်စစ်ကားတွေကို မိနစ်အနည်းငယ် အားသွင်းရုံနဲ့ လိုရာခရီးသွားနိုင်တော့မှာ ဖြစ်ပါတယ်။

Ref : drivencarguide