Sony က ဖေဖော်ဝါရီလမှာ စွမ်းရည်သင့် Xperia 10 II ကို ကြေညာခဲ့ပါတယ်။ မူလက MWC မှာ ကြေညာဖို့ စီစဉ်ထားခဲ့ပေမယ့် ကိုရိုနာ ဗိုင်းရက်စ်ကြောင့် MWC ဖျက်သိမ်းလိုက်တဲ့အတွက် အွန်လိုင်းကနေပဲ မိတ်ဆက်ခဲ့ပါတယ်။

Sony က ဥရောပမှာ ဖုန်းရဲ့ ပျမ်းမျှ ရောင်းဈေးကို ပြောကြားထားပြီး ၃၇၀ ယူရို သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၅ သိန်း ၈ သောင်းလောက်ရှိပါတယ်။ ဒါပေမယ့် အဲဒီအချိန်က ဗြိတိန်မှာ ရောင်းချမယ့် ဈေးကို မသိခဲ့ရပါဘူး။

အခုတော့ အွန်လိုင်း စတိုး ၁ ခုက အဲဒီ ဖုန်းကို စာရင်းတင်လိုက်ပြီး ဗြိတိန်မှာ ၃၁၉.၉၈ စတာလင်ပေါင်နဲ့ ရောင်းမှာ ဖြစ်ပါတယ်။ မြန်မာငွေ ၅ သိန်း ၇ သောင်းလောက်ရှိပါတယ်။ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး ဇွန်လ ၁၅ ရက်နေ့မှာ ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။

ဖုန်း မိတ်ဆက်ချိန်နဲ့ ရောင်းချချိန်ဟာ ၄ လကျော်လောက် ကြာသွားတာက ထူးဆန်းပါတယ်။ Sony ဟာ အဲဒီ ဖုန်း နာမည်ကို ရွေးချယ်ထားတာလည်း အရင် ပေးထားတဲ့ ဖုန်းနာမည်တွေနဲ့ ကွဲပြားနေပါတယ်။ Sony ဟာ ဒီနှစ်မှာ ကုမ္ပဏီကို အပြောင်းအလဲများစွာ ပြုလုပ်တော့မယ်လို့ ထင်ပါတယ်။

Ref : gsmarena