SpaceX က ဒီလ ၂၄ ရက်နေ့မှာ တည်ဆောက်ဖူးသမျှ ဒုံးပျံတွေထဲမှာ စွမ်းရည်အမြင့်ဆုံးနဲ့ အကြီးဆုံး ဒုံးပျံ ဖြစ်တဲ့ Starship ကို အာကာသသို့ စမ်းသပ်လွှတ်တင်မှာ ဖြစ်ပါတယ်။ အနာဂတ်မှာ အဲဒီ ဒုံးပျံကို အသုံးပြုကာ အာကာသယာဉ်မှူးတွေကို လ နဲ့ အင်္ဂါဂြိုလ်တွေကို ပို့ဆောင်ဖို့ ရည်ရွယ်ထားပါတယ်။

Elon Musk's SpaceX prepares for 'very risky' Starship launch

တက္ကဆပ်ပြည်နယ်၊ ဘိုကာချီကာရှိ SpaceX Spaceport ကနေ ဒေသစံတော်ချိန် နံနက် ၈ နာရီ ၂၀ မိနစ်မှာ လွှတ်တင်မယ်လို့ SpaceX က ပြောပါတယ်။

Musk က တနင်္ဂနွေနေ့က Twitter Spaces မှာ “ ဒါဟာ အလွန်စွန့်စားရတဲ့ လွှတ်တင်မှုပါ။ အလွန်ရှုပ်ထွေးပြီး ကြီးမားတဲ့ ဒုံးပျံပါ။ ဒီဒုံးပျံလွှတ်တင်မှု ကျရှုံးနိုင်တဲ့ နည်းလမ်းတွေဟာ သန်းပေါင်းများစွာ ရှိပါတယ်။ ကျွန်တော်တို့ အလွန် ဂရုစိုက်နေရပြီး စိတ်မချရတဲ့ တစ်စုံတစ်ခုကို တွေ့ရင် လွှတ်တင်မှုကို နောက်ဆုတ်မှာပါ။ “ လို့ ပြောပါတယ်။

SpaceX gets all-clear to launch Starship rocket as soon as Monday | Science & Tech News | Sky News

အမေရိကန် အာကာသ အေဂျင်စီ နာဆာက ၂၀၂၅ ခုနှစ်မှာ Starship နဲ့ အာကာသယာဉ်မှူးတွေကို လ သို့ ပို့ဆောင်ဖို့ စီစဉ်ထားပြီး အဲဒီ စီမံကိန်းကို Artemis III လို့ အမည်ပေးထားပါတယ်။

Starship မှာ လူတွေကို သယ်ဆောင်ဖို့ ၁၆၄ ပေ အရှည်ရှိ အာကာသယာဉ်နဲ့ ၂၃၀ ပေ ရှည်တဲ့ Super Heavy Booster ဒုံးပျံရဲ့ အထက်မှာ ကုန်တင်အခန်း ပါဝင်ပါတယ်။

စီစဉ်ထားတဲ့အတိုင်း ဖြစ်လာမယ်ဆိုရင် ဒုံးပျံ လွှတ်တင်ပြီး ၃ မိနစ်အကြာမှာ Super Heavy Booster ဟာ Starship ကနေ ခွဲထွက်သွားမှာ ဖြစ်ပြီး မက္ကဆီကို ပင်လယ်ကွေ့ထဲ ပြုတ်ကျသွားမှာပါ။ အင်ဂျင် ၆ လုံးပါတဲ့ Starship ဟာ မိုင် ၁၅၀ နီးပါး အထိ တက်သွားမှာ ဖြစ်ပြီး ကမ္ဘာပတ်လမ်းကြောင်းထဲ ရောက်သွားမှာပါ။ အဲဒီနောက် ဒုံးပျံလွှတ်တင်ပြီး မိနစ် ၉၀ အကြာမှာ ပစိဖိတ် ပင်လယ်ထဲ ကျရောက်သွားမှာပါ။

Musk က ကမ္ဘာပတ်လမ်းကြောင်းထဲ ရောက်သွားရင်ကို ဒါဟာ ကြီးမားတဲ့အောင်မြင်မှုဖြစ်ပြီး အနာဂတ် ရည်မှန်းချက်က ဒေါ်လာ သန်းပေါင်းများစွာ ကုန်ကျစားရိတ် သက်သာသွားအောင် Starship ကို ပြန်လည် အသုံးပြုနိုင်အောင် တည်ဆောက်ဖို့ ဖြစ်တယ်လို့ ပြောပါတယ်။

Ref : bangkokpost