အမည်မဖော်ပြထားတဲ့ User Name 9194Co ဟာ OpenSea မှာ Squid Game NFTs ပေါင်း ၂၀၀၀ နီးပါးကို ရောင်းချနေပါတယ်။ လက်ရှိ ကမ္ဘာအဝန်းမှာ နာမည်ကြီးနေတဲ့ Netflix Series ‘ Squid Game’ ကို ပုံတူပြုထားတဲ့ NFTs တွေ ဖြစ်ပြီး တချို့ကို 1 ETH ကျော်နဲ့ ရောင်းချပေးနေပါတယ်။

'Squid Game' card NFT page on OpenSea | Netflix show Squid Game NFTs being traded on OpenSea

Squid Game NFTs တွေကို Card ပုံစံနဲ့ ဖန်တီးထားတာ ဖြစ်ပြီး OpenSea ရဲ့ Description မှာ Card ၁ ခုချင်းစီဟာ ရင်ခုန်စိတ်လှုပ်ရှားစရာ စွန့်စားခန်းတွေ ပါဝင်တဲ့ Game မှာ ပါဝင်ဖို့ ဖိတ်စာ ဖြစ်ပါတယ်လို့ ဖော်ပြထားပါတယ်။

Squid Game' hit lands Netflix in Seoul court over traffic surge - Nikkei  Asia

အထက်ဖော်ပြပါ အမည်မဖော်လိုသူ User က Squid Game Card NFTs ၂၀၀၀ နီးပါးကို ရောင်းချထားပြီး OpenSea User တွေဟာ သူ့ကို Gas ဖိုးပေးတာနဲ့ အခမဲ့ ရယူနိုင်တယ်လို့ ပြောပါတယ်။ ဒါပေမယ့် ရောင်းချပြီးတဲ့ NFTs တွေကို ဈေးနှုန်းမြှင့်ပြီး ပြန်လည် ရောင်းချနေကြပါတယ်။ တချို့ဆိုရင် 1 Ethereum ကျော်( အမေရိကန် ဒေါ်လာ ၃,၄၈၇ ဝန်းကျင်) နဲ့ ပြန်လည် ရောင်းချနေတယ်လို့သိရပါတယ်။

အဲဒီ အမည်မဖော်လိုသူရဲ့ OpenSea အကောင့်ဟာ Netflix ၊ Squid Game TV Series Producer တွေနဲ့ ပတ်သက်တယ်လို့ မဖော်ပြထားပါဘူး။ Korea Copyright Commission က တခြား လူ ၁ ယောက်ဟာ NFTs တွေကို ပုံတူကူး ဖန်တီးတာ၊ Download လုပ်ကာ ရယူထားတာတွေဟာ မူပိုင်ခွင့်ကို ချိုးဖောက်တာလို့ သတ်မှတ်ထားပါတယ်။ ဒါပေမယ့် ကိုရီးယားမှာ NFTs တွေအတွက် မူပိုင်ခွင့် ဥပဒေ မရှိသေးပါဘူး။

Ref : forkast