Stellantis က Battery တီထွင်သူ Factorial နဲ့ ပူးပေါင်းပြီး Solid-state Battery ပါတဲ့ ကမ္ဘာ့ ပထမဆုံး လျှပ်စစ်ကားတွေကို ၂၀၂၆ ခုနှစ်မှာ ရောင်းချမှာ ဖြစ်ပါတယ်။ Factorial ရဲ့ အဆင့်မြင့် FEST Solid-state Battery ပါတဲ့ Dodge Charger Daytona လျှပ်စစ်ကားတွေကို သရုပ်ပြသလိုက်ပြီး 390 Wh/kg Energy Density ပါကာ မိုင် ၆၀၀ မောင်းနှင်နိုင်ပါတယ်။

Stellantis and Factorial Take Next Step to Accelerate the Future of Electric  Vehicles with Solid-State Battery Technology | Corporate Communications |  Stellantis

အဲဒီ Solid-state Battery တွေဟာ သမားရိုးကျ လစ်သီယမ်အိုင်းယွန်း Battery တွေထက် အလေးချိန် ၄၀ ရာခိုင်နှုန်းနဲ့ အရွယ်အစား ၃၃ ရာခိုင်နှုန်း လျှော့ချပေးနိုင်ပါတယ်။ အဲဒီအတွက် ကုန်ကျစားရိတ်သက်သာစေပြီး လျှပ်စစ်ကား စွမ်းရည်ကို တိုးတက်စေပါတယ်။ အဲဒီ Battery အသစ်တွေကို Stellantis ရဲ့ STLA Large Platform မှာ ထည့်သွင်းမှာ ဖြစ်ပြီး ပရီမီယမ် လျှပ်စစ်ကားတွေအတွက် ဒီဇိုင်းထုတ်ထားတာ ဖြစ်ပါတယ်။

Stellantis to launch fleet of EVs fitted with Factorial solid-state  batteries | Reuters

ဒီစီမံကိန်းဟာ Stellantis ရဲ့ Dare Forward 2030 နည်းဗျူဟာရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပြီး ဆယ်စုနှစ် မကြာဘဲ လာမယ့်နှစ်အနည်းငယ်အတွင်း Solid-state Battery လျှပ်စစ်ကားတွေကို ထုတ်လုပ်ရောင်းချနိုင်မှာ ဖြစ်ပါတယ်။ Mercedes-Benz ရဲ့ ပူးပေါင်းမှုကြောင့် Factorial ရဲ့ ဆန်းသစ်တဲ့ Battery တွေဟာ လျှပ်စစ်ကား မောင်းနှင်နိုင်တဲ့ အကွာအဝေးကို ၈၀ ရာခိုင်နှုန်း တိုးမြှင့်ပေးနိုင်ပါတယ်။

Ref : Tech Explorers