[Unicode]

Wearables လို့ ခေါ်တဲ့ စမတ်လက်ပတ်၊ စမတ်နာရီတွေဟာ လူသားတွေရဲ့ ကျန်းမာရေးကို အများကြီး ကူညီစောင့်ရှောက်ပေးနိုင်လာပါပြီ။ Wearables နယ်ပယ်မှာ ဆရာ တစ်ဆူ ဖြစ်တဲ့ Fitbit ဟာ အလန်းစား စမတ် လက်ပတ်တွေကို ထုတ်လုပ်ရောင်းချနေပါတယ်။ အခုတော့ အမေရိကန်မှာ ပြုလုပ်တဲ့ သုတေသန စစ်တမ်း ၁ ခုက Fitbit ရဲ့ စမတ်လက်ပတ်တွေဟာ တုပ်ကွေး ကူးစက်တာကို ကြိုတင်ခန့်မှန်းနိုင်ပြီး ကျန်းမာရေး အာဏာပိုင်တွေကို အသိပေး ကူညီနိုင်တယ်လို့ ဆိုပါတယ်။

စမတ်လက်ပတ်နဲ့ စမတ်နာရီတွေက တိုင်းတာထားတဲ့ နှလုံးခုန်နှုန်းနဲ့ အိပ်စက်မှု ဒေတာတွေဟာ လက်ရှိ ထောက်လှမ်းရေး နည်းလမ်းတွေထက် တုပ်ကွေး ကူးစက်တာကို ပိုမို တိကျစွာ တွက်ချက်ပေးနိုင်တယ်လို့ စစ်တမ်းက ပြောပါတယ်။ အမေရိကန် ပြည်နယ် ၅ ခုက Fitbit Users ၄၇,၀၀၀ ကျော်ရဲ့ ဒေတာတွေကို စစ်တမ်းက အသုံးပြုခဲ့တာပါ။ စစ်တမ်းရလဒ်ကို The Lancet Digital Health Journal မှာ ဖော်ပြခဲ့ပြီး Fitbit ဒေတာတွေကို အသုံးပြုရင် တိုင်းအဆင့် တုပ်ကွေး ကူးစက်တာကို ကြိုတင်ခန့်မှန်းရာမှာ ပိုကောင်းလာတယ်လို့ သိရပါတယ်။

စစ်တမ်းပြုစုတဲ့ Radin အဖွဲ့က Fitbit ဝတ်ဆင်သူ လူပေါင်း ၂၀၀,၀၀၀ ဆီကနေ အနည်းဆုံး ရက်ပေါင်း ၆၀ လောက် နှလုံခုန်နှုန်းနဲ့ အိပ်စက်မှု ဒေတာတွေကို ကောက်ယူခဲ့တာပါ။ အဲဒီလူ ၂၀၀,၀၀၀ ထဲကမှ ၄၇,၂၄၈ ယောက်ဟာ အဲဒီကာလအတွင်းမှာ Fitbit ကို အချိန်ပြည့် ဝတ်ဆင်ခဲ့ပြီး အဲဒီလူ ၄၀,၀၀၀ ကျော်ဟာ California, Texas, New York, Illinois နဲ့ Pennsylvania ပြည်နယ်တွေက ဖြစ်ပါတယ်။ ပျမ်းမျှ အသက်က ၄၃ နှစ်ဖြစ်ပြီး ၆၀ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေဖြစ်ပါတယ်။

အဲဒီ လူတွေရဲ့ နှလုံးခုန်နှုန်းနဲ့ အိပ်စက်ချိန်တွေကို တိုင်းတာတွက်ချက်ခဲ့ပြီး အဲဒီ ဒေတာတွေကို US Centers for Disease Control ရဲ့ တုပ်ကွေး ရောဂါ ဖြစ်နိုင်တဲ့ အပတ်စဉ် ဒေတာတွေနဲ့ နှိုင်းယှဉ်ခဲ့ကြပါတယ်။ အဲဒီလို နှိုင်းယှဉ်ပြီး စစ်တမ်းကို ပြုစုခဲ့တာပါ။ အနာဂတ်မှာတော့ Wearables တွေဟာ လူသားတွေရဲ့ ကျန်းမာရေးကို အခုထက် ပိုစောင့်ရှောက်နိုင်တော့မှာပါ။

Ref : gizmochina

[Zawgyi]

Fitbit ရဲ႕ Wearables ေတြဟာ တုပ္ေကြး ကူးစက္တာကို ႀကိဳတင္ခန႔္မွန္းႏိုင္တယ္လို႔ စစ္တမ္းက ဆို

Wearables လို႔ ေခၚတဲ့ စမတ္လက္ပတ္၊ စမတ္နာရီေတြဟာ လူသားေတြရဲ႕ က်န္းမာေရးကို အမ်ားႀကီး ကူညီေစာင့္ေရွာက္ေပးႏိုင္လာပါၿပီ။ Wearables နယ္ပယ္မွာ ဆရာ တစ္ဆူ ျဖစ္တဲ့ Fitbit ဟာ အလန္းစား စမတ္ လက္ပတ္ေတြကို ထုတ္လုပ္ေရာင္းခ်ေနပါတယ္။ အခုေတာ့ အေမရိကန္မွာ ျပဳလုပ္တဲ့ သုေတသန စစ္တမ္း ၁ ခုက Fitbit ရဲ႕ စမတ္လက္ပတ္ေတြဟာ တုပ္ေကြး ကူးစက္တာကို ႀကိဳတင္ခန႔္မွန္းႏိုင္ၿပီး က်န္းမာေရး အာဏာပိုင္ေတြကို အသိေပး ကူညီႏိုင္တယ္လို႔ ဆိုပါတယ္။

စမတ္လက္ပတ္နဲ႔ စမတ္နာရီေတြက တိုင္းတာထားတဲ့ ႏွလုံးခုန္ႏႈန္းနဲ႔ အိပ္စက္မႈ ေဒတာေတြဟာ လက္ရွိ ေထာက္လွမ္းေရး နည္းလမ္းေတြထက္ တုပ္ေကြး ကူးစက္တာကို ပိုမို တိက်စြာ တြက္ခ်က္ေပးႏိုင္တယ္လို႔ စစ္တမ္းက ေျပာပါတယ္။ အေမရိကန္ ျပည္နယ္ ၅ ခုက Fitbit Users ၄၇,၀၀၀ ေက်ာ္ရဲ႕ ေဒတာေတြကို စစ္တမ္းက အသုံးျပဳခဲ့တာပါ။ စစ္တမ္းရလဒ္ကို The Lancet Digital Health Journal မွာ ေဖာ္ျပခဲ့ၿပီး Fitbit ေဒတာေတြကို အသုံးျပဳရင္ တိုင္းအဆင့္ တုပ္ေကြး ကူးစက္တာကို ႀကိဳတင္ခန႔္မွန္းရာမွာ ပိုေကာင္းလာတယ္လို႔ သိရပါတယ္။

စစ္တမ္းျပဳစုတဲ့ Radin အဖြဲ႕က Fitbit ဝတ္ဆင္သူ လူေပါင္း ၂၀၀,၀၀၀ ဆီကေန အနည္းဆုံး ရက္ေပါင္း ၆၀ ေလာက္ ႏွလုံခုန္ႏႈန္းနဲ႔ အိပ္စက္မႈ ေဒတာေတြကို ေကာက္ယူခဲ့တာပါ။ အဲဒီလူ ၂၀၀,၀၀၀ ထဲကမွ ၄၇,၂၄၈ ေယာက္ဟာ အဲဒီကာလအတြင္းမွာ Fitbit ကို အခ်ိန္ျပည့္ ဝတ္ဆင္ခဲ့ၿပီး အဲဒီလူ ၄၀,၀၀၀ ေက်ာ္ဟာ California, Texas, New York, Illinois နဲ႔ Pennsylvania ျပည္နယ္ေတြက ျဖစ္ပါတယ္။ ပ်မ္းမွ် အသက္က ၄၃ ႏွစ္ျဖစ္ၿပီး ၆၀ ရာခိုင္ႏႈန္းဟာ အမ်ိဳးသမီးေတြျဖစ္ပါတယ္။

အဲဒီ လူေတြရဲ႕ ႏွလုံးခုန္ႏႈန္းနဲ႔ အိပ္စက္ခ်ိန္ေတြကို တိုင္းတာတြက္ခ်က္ခဲ့ၿပီး အဲဒီ ေဒတာေတြကို US Centers for Disease Control ရဲ႕ တုပ္ေကြး ေရာဂါ ျဖစ္ႏိုင္တဲ့ အပတ္စဥ္ ေဒတာေတြနဲ႔ ႏႈိင္းယွဥ္ခဲ့ၾကပါတယ္။ အဲဒီလို ႏႈိင္းယွဥ္ၿပီး စစ္တမ္းကို ျပဳစုခဲ့တာပါ။ အနာဂတ္မွာေတာ့ Wearables ေတြဟာ လူသားေတြရဲ႕ က်န္းမာေရးကို အခုထက္ ပိုေစာင့္ေရွာက္ႏိုင္ေတာ့မွာပါ။

Ref : gizmochina