Microsoft ကနေ အခုအချိန်မှာ Surface Duo နာမည်နဲ့ Dual Screen Foldable Android ဖုန်းကို တရားဝင်ရောင်းချနေပြီဖြစ်ပါတယ်။ အဆိုပါ Surface Duo ဟာ Android OS ကို အသုံးပြုထားတဲ့ Microsoft ရဲ့ ပထမဆုံးသော စမတ်ဖုန်းတစ်မျိူးလည်းဖြစ်ပါတယ်။

အခုတော့ Microsoft Surface Duo အသုံးပြုသူတွေဆီမှာ ပြဿနာတစ်ခုကို ကြုံတွေ့နေရပြီလို့ သိရပါတယ်။ ဒါကတော့ USB-C Port နားမှာ အက်ကွဲနေတာ (သို့မဟုတ်) Body ကွာထွက်နေတဲ့ပြဿနာကြုံနေရတာဖြစ်ပါတယ်။ ဒါက Surface Duo ကို စတင်မိတ်ဆက်တဲ့အချိန်တုန်းကလည်း တချို့သောသူတွေဆီမှာ ဖြစ်ပွားခဲ့ပါသေးတယ်။

ဘာပဲဖြစ်ဖြစ် အခုအချိန်မှာတော့ Reddit Forum မှာ အလားတူပြဿနာကို ကြုံတွေ့နေရတဲ့သူတွေတဖြည်းဖြည်းတိုးပွားလာပြီဖြစ်ပါတယ်။ Microsoft ဘက်ကတော့ ယခုပြဿနာနဲ့ ပတ်သက်ပြီး တရားဝင်ပြန်လည်ဖြေရှင်းထားခြင်းမရှိသေးပါဘူး။ ယခုပြဿနာဟာ Surface Duo ကို ပြုတ်မကျရင်တောင်မှ USB-C Port ကနေ အားသွင်းရုံနဲ့တင်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

Microsoft ဟာ Surface Duo ရဲ့ 5.6″ AMOLED Display တဖက်စီကို အထူအနေနဲ့ 4.8mm ပဲရှိအောင်ထုတ်လုပ်ထားခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ အပါးလွှာဆုံး Mobile Device တစ်ခုလို့တောင် ပြောနိုင်ပါတယ်။ ဒီလိုမျိုး ပါးလွှာအောင်လုပ်ထားတဲ့အတွက်ကြောင့်လည်း ဒီလိုမျိုး ပြဿနာတွေကြုံတွေ့နေရတဲ့ပုံစံပါပဲ။ စျေးနှုန်းအနေနဲ့ ဒေါ်လာ ၁,၃၉၉ နဲ့ရောင်းချနေတဲ့ Flagship Device တစ်ခု Build Quality ပိုင်းမှာ အားနည်းချက်ရှိနေတာကတော့ Microsoft အနေနဲ့ ဘယ်လိုမျိုး ဖြေရှင်းမလဲဆိုတာ ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – Android Central